ဇူလိုင်လတွင်မှ စာချုပ်စတင် အကျုံးဝင်လာမှာ ဖြစ်ပေမဲ့ မက်ဒရစ်သို့ ရောက်ရှိလာကာ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအား မော်ရင်ဟို စတင် ထမ်းဆောင်နေပြီ
=======================

ဂျိုဆေးမော်ရင်ဟိုဟာ ဇူလိုင်လတွင်မှ ရီးရဲလ်မက်ဒရစ်နည်းပြရာထူး တရားဝင် အကျုံးဝင်လာမှာ ဖြစ်ပေမဲ့လည်း ဗုဒ္ဓဟူးနေ့ကတည်းက မက်ဒရစ်သို့ ရောက်ရှိကာ တာဝန်စတင်ထမ်းဆောင်လာပြီ ဖြစ်ပါတယ်။
ယူနိုက်တက်နှင့် ချဲလ်ဆီးနည်းပြဟောင်းဟာ တရားဝင်သတင်းစာရှင်းလင်းပွဲ၊ မိတ်ဆက်ပွဲတို့ မပြုလုပ်ဘဲ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် စတင် တာဝန်ထမ်းဆောင်လာတာလည်း ဖြစ်ပါတယ်။
Sky Sports ရဲ့ဖော်ပြမှုအရ မော်ရင်ဟိုဟာ ဗုဒ္ဓဟူးနေ့တုန်းက လစ္စဘွန်းမှ မက်ဒရစ်သို့ ရောက်လာခဲ့တာပါ။
သူဟာ ဇူလိုင်လတွင်မှ ရီးရဲလ်မက်ဒရစ်နှင့် ၃ နှစ်စာချုပ် စတင်အကျုံးဝင်လာမှာ ဖြစ်ပေမဲ့လည်း စောစောစီးစီး ရာသီသစ်အတွက် ပြင်ဆင်လိုနေတာပါ။
သူဟာ ရီးရဲလ်မက်ဒရစ်လေ့ကျင့်ရေးကွင်းသို့ ရောက်လာပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်မှု ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နည်းပြအာဘီလိုအာနှင့် တရားဝင် လမ်းခွဲလာမှုနှင့်အတူ မော်ရင်ဟိုဟာ နည်းပြအဖွဲ့ဝင်သစ် ၅ ဦးကိုလည်း သူနှင့် တပါတည်း ခေါ်ဆောင်လာပါမယ်။
ဘင်ဖီကာဟာ မော်ရင်ဟိုအား လက်လွတ်ရမှုအတွက် နစ်နာကြေး ယူရို ၁၅ သန်း ရရှိထားပြီး သူ့နေရာတွင် ဖူလ်ဟမ်နည်းပြဟောင်းမာကိုဆေးလ်ဗားအား အစားထိုးခန့်အပ်ထားပြီး ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအား ရယူရေး တနင်္ဂနွေနေ့ ရီးရဲလ်မက်ဒရစ်ဥက္ကဌရွေးကောက်ပွဲ ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းခဲ့ရတာပါ။
ပီရက်ဇ်ဟာ ဥက္ကဌသစ်အဖြစ် ရွေးကောက်ခံရလျှင် မော်ရင်ဟိုအား ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ပီရက်ဇ်ဟာ ပြိုင်ဘက် ရီကွယ်မီးအား အနိုင်ယူကာ ဥက္ကဌအဖြစ် ဆက်လက် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

image