1 ပတ် - ဘာသာပြန်ပါ။

လီယွန်နယ်မက်ဆီနှင့် အာဂျင်တီးနားကစားသမားများရဲ့ ပတ်စ်ပို့ အချက်အလက်များ ပေါက်ကြားလာ
===================

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲမတိုင်မီ လီယွန်နယ်မက်ဆီနှင့် အာဂျင်တီးနားကစားဖော်တို့ရဲ့ ပတ်စ်ပို့အချက်အလက်များ ပေါက်ကြားလာပါတယ်။
လီယွန်နယ်စကာလိုနီရဲ့ အာဂျင်တီးနားဟာ ဗုဒ္ဓဟူးနေ့အစောပိုင်းတုန်းက ပရိသတ် ၈၈၀၀၀ ရှေ့မှောက်တွင် အိုက်စလန်အား ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။
ဒါပေမဲ့ ယင်းပွဲမတိုင်မီ နှစ်ဖက်အသင်းသားတို့ဟာ ပွဲအတွက် လူစာရင်းပါ စာရွက်အား မီဒီယာများကို ဝေမျှခဲ့ပါတယ်။
ပုံမှန်အားဖြင့် ပွဲလူစာရင်း ကြေညာစာရွက်အတွင်းတွင် ကစားသမားများရဲ့ ပတ်စ်ပို့နံပါတ်များကိုလည်း မှားယွင်းထည့်သွင်းမိလေ့ ရှိပေမဲ့ မီဒီယာများထံသို့ စာရွက် မဝေမျှမီ ဖျက်ခြင်းတို့ ပြုလုပ်လေ့ရှိပါတယ်။
ဒါပေမဲ့ အာဂျင်တီးနားအသင်းကတော့ လီယွန်နယ်မက်ဆီ၊ ချဲလ်ဆီးစတားအန်ဇိုဖာနန်ဒက်ဇ်၊ ယူနိုက်တက်ရဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ရဲ့ ပတ်စ်ပို့နံပါတ်ကိုပါ စာရွက်ကို မီဒီယာများအား ဝေမျှ ခဲ့ပါတယ်။
အာဂျင်တီးနားဟာ ပွဲထွက်ကစားသမားများအပြင် အရန်ကစားသမားများရဲ့ ပတ်စ်ပို့နံပါတ်များကိုပါ ထည့်သွင်းထားခဲ့မိတာပါ။
တဖက်တွင် အိုက်စလန်ကတော့ ကစားသမားများရဲ့ ပတ်စ်ပို့ကို ထည့်သွင်းခဲ့မိခြင်း မရှိပါဘူး။
ယင်းပွဲကို Turkish Airlines က စပွန်ဆာပေးကစားခဲ့တာ ဖြစ်ပြီး မက်ဆီဟာ လူစားဝင်ရောက်လာပြီးနောက် ပင်နယ်တီမှ တဆင့် ဂိုးသွင်းနိုင်ခဲ့ပါတယ်။

image