ဒေးဗစ်ဆူလေဗန်ရဲ့ အာဏာအသုံးချကာ လိင်အမြတ်ထုတ်မှုနှင့်ပတ်သက်ပြီး သတင်းပေးမှုအသစ်များ ရရှိလာတဲ့ အက်ဆက်စ်ရဲတပ်ဖွဲ့
====================

BBC Panorama နှင့် Times တို့က ဝက်စ်ဟမ်းပူးတွဲပိုင်ရှင်ဒေးဗစ်ဆူလေဗန်ရဲ့ အာဏာအသုံးချကာ အမျိုးသမီးများထံမှ လိင်အမြတ်ထုတ်မှုများ ပြုလုပ်ခဲ့မှုများကို ဖော်ထုတ်မှု ပြုလုပ်ပြီးနောက် အက်ဆက်စ်ရဲတပ်ဖွဲ့ဟာ ဝက်စ်ဟမပေူးတွဲဥက္ကဌ‌ဟောင်းနှင့်ပတ်သက်ပြီး သတင်းသစ်ပေးခြင်းများ ရရှိလာပါတယ်။
အက်ဆက်စ်ရဲတပ်ဖွဲ့က တနင်္လာနေ့တုန်းက BBC နှင့် Times တို့ ပူးပေါင်းကာ စုံစမ်းဖော်ထုတ်မှု ပြုလုပ်ပြီးနောက် ဆူလေဗန်နှင့်ပတ်သက်ပြီး လိုအပ်တဲ့ သက်သေအထောက်အထားသစ် သတင်းအချက်အလက်များ ပေးခြင်းခံခဲ့ရကြောင်း ဆိုလာပါတယ်။
ယင်းရှာဖွေဖော်ထုတ်တဲ့ သတင်းအရ ဆူလေဗန်ဟာ ၁၉၈၀ ခုနှစ်များ ကာလတုန်းက သူပိုင် မဂ္ဂဇင်းနှင့် သတင်းစာတို့တွင် ဖော်ပြခြင်းခံရလိုတဲ့ မော်ဒယ်ပေါက်စအမျိုးသမီးငယ်တို့အား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့ကြောင်း သိရပါတယ်။
ဆူလေဗန်ဟာ ၂၀၂၃ ခုနှစ်တုန်းက အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှု ခံရပြီးနောက် ဝက်စ်ဟမ်းအမျိုးသမီးအသင်းနှင့် လူငယ်အသင်းပွဲများကို ကြည့်ရှုခြင်း၊ ဆက်သွယ်ခြင်း မပြုလုပ်ရန် ပိတ်ပင်ခြင်းခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။
ဆူလေဗန်ဟာ သူ့ရဲ့ ယခင်လုပ်ရပ်များအား ဖော်ထုတ်ခြင်းမခံရမီ တစ်ရက်အလိုကတည်းက ဝက်စ်ဟမ်းပူးတွဲဥက္ကဌရာထူးမှ နုတ်ထွက်ထားပါတယ်။
တဖက်တွင် ဆူလေဗန်ဟာ အင်္ဂလိပ်ဘောလုံးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုခံနေရပြီး အခွင့်အာဏာအသုံးချကာ ကိုယ်ကျိုးအမြတ်ထုတ်မှုအတွက် သူပိုင် ဝက်စ်ဟမ်းအသင်းရှယ်ယာများကို ရောင်းချလာရဖို့ ရှိနေပါတယ်။

image