1 ပတ် - ဘာသာပြန်ပါ။

မုံရွာ-မန္တလေးသွားကားလမ်း၌ ကားနှစ်စီးတိုက် (၁)ဦး‌ေ-သဆုံး (၁)ဦးဒ-ဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၌ ယနေ့ ဇွန် ၁၀ ရက်နေ့လည် ၃ နာရီခွဲကျော်ခန့်က ကား(၂)စီးတိုက်မိခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၏ ခင်မွန်ကျေးရွာအနီးတွင် ကားနှစ်စီးတိုက်မိရာမှ အ မျိုးသား(၁)ဦး‌ေ-သဆုံးပြီး အမျိုးသား(၁)ဦးတွင်ထိခို-က်ဒ-ဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ချောင်းဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလေ-ာင်းနှင့် ထိခို-က်ဒ-ဏ်ရာရသူတို့အား မြန်မာနိုင်ငံကယ်ဆယ်ရေးအသင်းက ရွှေမြင့်မိုရ်ဆေးရုံနှင့် ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံတို့သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image