1 ပတ် - ဘာသာပြန်ပါ။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆွဲဆောင်မှုအရှိဆုံးနည်းပြစာရင်းတွင် အဆင့် ၄ နေရာမှာသာ ချိတ်ခဲ့တဲ့ အင်္ဂလန်နည်းပြတူချယ်
=======================
သောမတ်စ်တူချယ်ဟာ ယခုနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲမှာ ဆွီဒင်ကို အရေးနိမ့်ပြီး အဆင့် ၄ နေရာသာ ရရှိလာပါက ကျေနပ်လာမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဂျာမန်လူမျိုးနည်းပြဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆွဲဆောင်မှုအရှိဆုံးနည်းပြစာရင်းမှာ အဆင့် ၄ ပဲ ချိတ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လာမဲ့ နည်းပြ ၄၈ ဦး ဆန်းစစ်မှုများ ပြုလုပ်ကာ ဘယ်သူက ဆွဲဆောင်မှုအရှိဆုံးနည်းပြလဲဆိုတာ ရွေးချယ်လာပါတယ်။

Live Football Tickets ဟာ မျက်နှာအချိုးအစား၊ အရပ်အမြင့်၊ အသက်၊ နည်းပြဘဝအောင်မြင်မှုတို့ကို ဆန်းစစ်မှုများ ပြုလုပ်ကာ ရွေးချယ်လာတာလည်း ဖြစ်ပါတယ်။

တူချယ်ဟာ အခြားပြိုင်ဘက်နည်းပြများနှင့် နှိုင်းယှဉ်လျှင် မေးရိုးကားဖြင့် မရှိပေမဲ့လည်း အရပ် ၆ ‌ပေ၊ ၃ လက်မရှိမှု၊ နိုင်ပွဲ ၇၅ ရာခိုင်နှုန်း ရရှိမှုနှင့်အတူ ၈.၄၃ မှတ် ရရှိကာ အဆင့် ၄ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဩစတြေးလျနည်းပြတိုနီပိုပိုဗစ်ဟာ အရပ် ၆.၄ လက်မဖြင့် အရပ်အရှည်ဆုံးနည်းပြအဖြစ် ရပ်တည်နေမှုနှင့်အတူ ၈.၉၉ မှတ်ဖြင့် နံပါတ် ၂ နေရာချိတ်ခဲ့ပါတယ်။

အယ်ဂျီးရီးယားနည်းပြဗလာဒီမာပက်ကိုဗစ်က ရမှတ် ၉.၃၀ ဖြင့် ဆွဲဆောင်မှုအရှိဆုံးနည်းပြအဖြစ် ရပ်တည်ခဲ့ပါတယ်။

ဆွီဒင်နည်းပြဂရေဟမ်ပေါ်တာက အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးစာရင်းတွင် အီမာဆီဖီ၊ ဂျူလန်လိုပီတီဂူ၊ ဂျူလီယန်နာဂျယ်မန်း၊ ရော်နယ်ကိုးမန်း၊ မူရက်ယာကင်၊ သောမတ်စ်ခရစ္စတီယန်ဆင်တို့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

image