1 ပတ် - ဘာသာပြန်ပါ။

ဘာယန်ဒါနှင့် အိုနာနာတို့ကို ဖယ်ရှားပြီး လိဒ်ဂိုးသမားနှင့် အစားထိုးရန် ယူနိုက်တက်ပစ်မှတ်ထားလာ
=====================
ယူနိုက်တက်ဟာ အယ်တေးဘာယန်ဒါနှင့် အိုနာနာတို့ကို နွေရာသီတွင် ထွက်ခွာစေပြီး လိဒ်ဂိုးသမားကားလ်ဒါလောအား ခေါ်ယူရန် အလေးအနက်ထား စဉ်းစားနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဝုဗ်ရဲ့ဆမ်ဂျွန်စတုန်းကိုလည်း ပစ်မှတ်ထားနေပါသေးတယ်။

ဒါလောဟာ လိဒ်အား နံပါတ်တစ်ဂိုးသမားအဖြစ် ပရီးမီးယားလိဂ်တွင် ဆက်လက် ရပ်တည်နိုင်အောင် အဓိကနေရာမှ ကူညီပေးခဲ့သူ ဖြစ်ပြီး ယခုလအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးလာမဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၃၅ နှစ်ရှိ ဂိုးသမားမှာ ငယ်မွေးခြံပေါက်ကစားသမားစာရင်းဝင်ဖြစ်သလို ဒုတိယဦးစားပေးဂိုးသမားအဖြစ် အသုံးပြုရန် အသင့်တော်ဆုံးလို့ ယူနိုက်တက်တာဝန်ရှိသူများက ယုံကြည်နေပါတယ်။ သူ့ကို စပါးစ်ကလည်း ခေါ်ယူရေး စိတ်ဝင်စားနေပါသေးတယ်။

ဆမ်ဂျွန်စတုန်းမှာလည်း ယူနိုက်တက်အကယ်ဒမီထွက်ပင် ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရတဲ့ ဝုဗ်တွင် အရေးပါတဲ့ဂိုးသမားအဖြစ် ကစားခဲ့သူဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကလပ်ရဲ့အနာဂတ်စီမံကိန်းတွင် ပါဝင်ခြင်း မရှိတဲ့ ဘာယန်ဒါနှင့် အိုနာနာတို့ နှစ်ဦးလုံးကို နွေရာသီတွင် ရောင်းချလာပါမယ်။

ဒါပေမဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိနေတဲ့ အိုနာနာကတော့ ယူနိုက်တက်မှ ထွက်ခွာလိုခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်နွေတုန်းက ပေါင် ၁၈ သန်းဖြင့် ပြောင်းလာပြီးနောက် လက်စွမ်းပြကစားနေတဲ့ ဆန်နီလမ်မန်ကို ဦးစားပေးဂိုးသမားအဖြစ် ဆက်လက် အသုံးပြုလာပါမယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘရစ်စတိုးတွင် အငှားဖြင့် ကစားစဉ် လက်စွမ်းပြခဲ့တဲ့ ချက်ဂိုးသမားရာဒစ်ခ်ဗီတက်ခ်ကိုလည်း အသင်းတွင် ဆက်ထိန်းထားပါမယ်။

မကြာသေးမီတုန်းက တစ်နှစ်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့တဲ့ တွမ်ဟီတန်က တတိယဦးစားပေးဂိုးသမားအဖြစ် ဆက်လက်ကစားလာပါမယ်။

တဖက်တွင် ယူနိုက်တက်ဟာ ဒါလောနှင့် ဂျွန်စတုန်းတို့အား ခေါ်ယူရန် စိတ်ဝင်စားပေမဲ့ ဒုတိယဦးစားပေးဂိုးသမားနေရာအား ခေါ်ယူရေးမှာ အဓိကပစ်မှတ်မဟုတ်ပါဘူး။ ၎င်းတို့ဟာ ဘယ်ခြမ်းတိုက်စစ်၊ ခံစစ်နှင့် ကွင်းလယ်အပြင် တိုက်စစ်တို့အား အားဖြည့်ရန် အာရုံစိုက်ထားပါတယ်။

image