ကမ္ဘာ့ဖလားအကြိုလျို့ဝှက်ခြေစမ်းပွဲအား ဖျက်သိမ်းလာခဲ့တဲ့ စကော့တလန်
======================
စကော့တလန်ဟာ ဒဏ်ရာပြဿာနာများကြောင့် လေ့ကျင့်ရေးကွင်းတွင် တံခါးပိတ်ကစားရန် စီစဉ်ထားတဲ့ လျို့ဝှက်ခြေစမ်းပွဲအား ဖျက်သိမ်းလာပါတယ်။
စတိဗ်ကလပ်ခ်ရဲ့ အသင်းဟာ ဟေတီနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီ ဘိုလီဗီးယားနှင့် ခြေစမ်းပွဲ ကစားထားပြီး ဖြစ်ပါတယ်။
စကော့တလန်ဟာ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်တဲ့အနေဖြင့် တောင်အမေရိကအသင်းနှင့် ခြေစမ်းခဲ့ရာမှာ ၄-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဒါ့အပြင် စကော့တလန်ဟာ ယနေ့တွင် လေ့ကျင့်ရေးကွင်းတွင် တံခါးပိတ်ခြေစမ်းပွဲအဖြစ် နော်ဝေနှင့် ကစားရန် စီစဉ်ထားပါသေးတယ်။
ဒါပေမဲ့ ယင်းခြေစမ်းပွဲစဉ်မှာ ဒဏ်ရာပြဿနာများကြောင့် ဖျက်သိမ်းလာပါတယ်။
စကော့တလန်ဟာ ဒဏ်ရာပြဿနာများကြုံနေရမှုနှင့်အတူ ခြေစမ်းပွဲအား ဖျက်သိမ်းမှု ပြုလုပ်လာပါတယ်။
ယင်းသို့ စကော့တလန်ဘက်က ဖျက်သိမ်းလာမှုနှင့်အတူ ၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့ နော်ဝေဟာ စကော့တလန်ရဲ့ ကမ္ဘာ့ဖလားအုပ်စုတွင်း ပြိုင်ဘက်ဖြစ်တဲ့ မော်ရိုကိုနှင့် ခြေစမ်းပွဲကစားရန် စီစဉ်လာရပါတယ်။
ယင်းပွဲကို ယနေ့တွင် နယူးဂျာစီမှာ ကစားလာပါမယ်။
စကော့တလန်အသင်းမှ နာပိုလီကွင်းလယ်ကစားသမားဘီလီဂေးလ်မိုးမှာ ကူရာကာအိုနှင့် ခြေစမ်းပွဲတွင် ဒဏ်ရာရရှိသွားပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ထားပြီး ဖြစ်ပါတယ်။
စတိဗ်ကလပ်ခ်ဟာ ဂေးလ်မိုးနေရာတွင် ယူနိုက်တက်အတွက် ၁၉ မိနစ်တည်းသာ ကစားခွင့်ရထားတဲ့ တေလာဖလက်ချာအား အစားထိုး ရွေးချယ်ထားပါတယ်။
ယူနိုက်တက်ဂန္ထဝင်ဒါရင်းဖလက်ချာရဲ့ သားဖြစ်သူ တေလာဖလက်ချာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်ပထမအသင်းတွင် ပုံမှန်ပါဝင်ခွင့်ရခဲ့သူ ဖြစ်ပြီး စုစုပေါင်း ၁၉ မိနစ်ကစားခွင့်ရခဲ့ပါတယ်။