ကန်ဆက်စ်စီးတီးရှိ အင်္ဂလန်အသင်းအခြေစိုက်ရာနေရာနှင့် ၄ မိုင်အကွာတွင် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၉ ဦး ဒဏ်ရာရရှိ
=======================
မစ်ဆူရီ၊ ကန်ဆက်စ်စီးတီးရှိ အင်္ဂလန်အသင်း အခြေစိုက်ရာနှင့် မိနစ်အနည်းငယ် ခရီးအကွာတွင် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အင်္ဂလန်အသင်း လေ့ကျင့်စခန်းသွင်းရာ နေရာနှင့် ဟိုတယ်နှင့် ၄ မိုင်ခရီးသာ ကွာဝေးတဲ့ Troost Avenue တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ယင်းဧရိယာတွင် စနေနေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင်တွင် သေနတ်သံများ ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ရောက်လာခဲ့ကြပေမဲ့ ဆူညံပွက်လောရိုက်နေတဲ့ လူအုပ်ကြီးနှင့် ကြုံခဲ့ရပါတယ်။

ကန်ဆက်စ်စီးတီးရဲတပ်ဖွဲ့က ယင်းသေနတ်ပစ်ခတ်မှုကြောင့် အရွယ်ရောက်ပြီးသား အမျိုးသမီး ၃ ဦးတို့မှာ ဒဏ်ရာများ ရရှိပြီး ဆေးရုံပို့ခဲ့ရပြီး စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုထားပါတယ်။

ဒါပေမဲ့ အားလုံးက အသက်အန္တရာယ်စိုးရိမ်စရာအနေအထားမှာ မရှိပါဘူး။

လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က ယင်းသေနတ်ဖြင့် ပစ်ခတ်မှုအား စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး မည်သူ့ကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

image