2 ပတ် - ဘာသာပြန်ပါ။

ဒဏ်ရာကြောင့် နယ်သာလန်ရဲ့ ကမ္ဘာ့ဖလားကို လွဲချော်လာတဲ့ အာဆင်နယ်စတား
===================
အာဆင်နယ်နောက်ခံလူဂျူရီယန်တမ်ဘားဟာ ပေါင်ခြံဒဏ်ရာကြောင့် နယ်သာလန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်လာပါတယ်။ နယ်သာလန်နည်းပြရော်နယ်ကိုးမန်းဟာ တမ်ဘားနေရာမှာ လတ်ရှာရယ်ဂါးထရူဒါနှင့် အစားထိုးရွေးချယ်လာပါတယ်။

တမ်ဘားဟာ မတ်လကတည်းက ပေါင်ခြံဒဏ်ရာကြောင့် အနားယူလာခဲ့ရသူ ဖြစ်ပြီး မေလ ၃၀ ရက်နေ့တုန်းက ဘူဒါပတ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဒုတိယပိုင်းမှာ ပါဝင်ကစားခဲ့ပါတယ်။

အသက် ၂၄ နှစ်ရှိ တမ်ဘားဟာ မတ်လ ၁၄ ရက်နေ့တုန်းက အဲဗာတန်နှင့်ပွဲတွင် နောက်ဆုံးကစားပြီးနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ၆၆ မိနစ်မှာ လူစားဝင်ရောက်ကစားခဲ့တာပါ။

ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ မီခေးလ်အာတီတာက တမ်ဘားမှာ ပွဲကစားရန် ကြံခိုင်မှု ပြည့်ဝနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ နယ်သာလန်အသင်းဟာ နယူးယောက်လေ့ကျင့်ရေးစခန်းတွင် တမ်ဘားနှင့် နယ်သာလန်ဆေးအဖွဲ့တို့အကြား ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ကမ္ယာ့ဖလားပြိုင်ပွဲဝင်အသင်းမှ ဖယ်ရှားရန် ဆုံးဖြတ်လာပါတယ်။

တမ်ဘားဟာ ၂၀၂၁ ခုနှစ် ဇွန်လတွင် နယ်သာလန်အတွက် ပထမဆုံးပွဲ ကစားခွင့် ရရှိပြီးနောက် ၂၈ ပွဲကစားထားသူ ဖြစ်ပါတယ်။

နယ်သာလန်ဟာ ဇွန်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် ဂျပန်နှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဆွီဒင်၊ တူနီးရှားတို့နှင့်လည်း ကစားရပါမယ်။

image