2 ပတ် - ဘာသာပြန်ပါ။

စကော့ကက်သရိုကို နည်းပြသစ်အဖြစ် စိန့်အီတီယန် ခန့်အပ်လာ
===================
လီဂူး ၂ ကလပ်စိန့်အီတီယန်ဟာ ပေါ်တူဂီကလပ် အက်စ်တိုရယ်တွင် အောင်မြင်တဲ့ ၂ နှစ်တာ ပိုင်ဆိုင်ခဲ့တဲ့ စကော့အီယန်ကက်သရိုကို နည်းပြသစ်အဖြစ် ခန့်အပ်လာပါတယ်။

Heart of Midlothian နည်းပြဟောင်းဟာ စိန့်အီတီယန်နည်းပြအဖြစ် ၂၀၂၈ ခုနှစ်အထိ စာချုပ်ဖြင့် ခန့်အပ်ခြင်းခံလာရတာဖြစ်ပြီး လီဂူး ၁ သို့ တန်းပြန်တက်နိုင်ရေး ဦးဆောင်ရပါမယ်။

၁၀ ကြိမ်လီဂူး ၁ ချန်ပီယံဟာ ၂၀၂၄-၂၅ ရာသီအကုန်တွင် လီဂူး ၂ သို့ တန်းဆင်းခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ပလေးအော့ဖ်ဗိုလ်လုပွဲတွင် နိုက်စ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

စိန့်အီတီယန်ဟာ ပလေးအော့ဖ်တွင် ရှုံးနိမ့်ပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးလာခဲ့တဲ့ နည်းပြဖီးလစ်ပီမွန်တာနီယာနှင့် လမ်းခွဲခဲ့ပါတယ်။

အသက် ၃၉ နှစ်ရှိ ကက်သရိုဟာ ဒန်ဒီးတွင် နည်းပြဘဝ စတင်ပြီးနောက် နူနိုအက်စ်ပီရီတိုဆန်တိုရဲ့လက်အောက်တွင် ရီယိုအဗီးမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

သူဟာ နူနိုနောက်သို့ လိုက်ကာ ဗလင်စီယာတွင် တာဝန်ထမ်းဆောင်ခဲ့သလို နယူးကာဆယ်တွင်လည်း စတိဗ်မက္ကလာရင်၊ ရာဖေးလ်ဘင်နီတက်ဇ်တို့လက်အောက်မှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။

သူဟာ ဟတ်ကို ၇ လကြာ ကိုင်တွယ်ခဲ့ပေမဲ့လည်း ရလဒ်ဆိုးရွားမှုနှင့် ကြုံခဲ့ရပါတယ်။ ယင်းနောက်မှာတော့ သူဟာ နူနိုလက်အောက်တွင်ပင် ဝုဗ်၊ စပါးစ်၊ Al-Ittihad တို့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ သူဟာ အက်စ်တိုရယ်နည်းပြရာထူးအား ရယူပြီး ပေါ်တူဂီအဆင့်မြင့်တန်းလိဂ်တွင် အဆင့် ၈၊ အဆင့် ၁၀ နေရာတို့မှာ အသီးသီးရပ်တည်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

image