တွဲကားဝင်တိုက်မှုကြောင့် ပျက်စီးသွားသည့်ဓာတ်တိုင် (၂)တိုင်ကို အစားထိုးတပ်ဆင်ရန်ဆောင်ရွက်နေ
ရန်ကုန်မြို့ရှိ ဒညင်းကုန်းလမ်း၏ (၆၄၆)တပ်ရှေ့တွင် ယနေ့ ဇွန် ၉ ရက်နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က တွဲကားဝင်တို-က်မှုကြောင့် 12M Concrete ဓာတ်တိုင်(၂)တိုင်ပျ-က်စီးသွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။
တွဲကားက လှော်ကားခွဲရုံမှဓာတ်အားပေးထားသော (33)kV လှော်ကား-Ba ဖီဒါ၏ 12M Concrete ဓာတ်တိုင်(၂)တိုင်အား ဝင်တို-က်မိခဲ့သဖြင့် ဓာတ်တိုင်များ၏ အောက်ခြေကျိုးပဲ့ပျ-က်စီးခဲ့ရာ ဓာတ်အားပြတ်တောက်မှုမရှိစေရေးအတွက် နံနက် ၉ နာရီတွင် (33)kV MIP- ရွှေပေါက္ကံဖီဒါမှ ယာယီဓာတ်အားပြန်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပျ-က်စီးသွားသော ဓာတ်တိုင်(၂)တိုင်အားအစားထိုးတပ်ဆင်နိုင်ရေးအတွက် ခရိုင်/မြို့နယ်တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။