စားသုံးဆီဖူလုံရေးအတွက် ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံဧက(၅)သောင်းကျော်လျာထားစိုက်ပျိုးနေ

စားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံဧက(၅၂,၀၉၆)ကိုလျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်းတို့ကို ပြီးခဲ့သည့် မေလမှစတင်၍ လျာထားစိုက်ပျိုးလျက်ရှိရာ လက်ရှိအချိန်အထိ မြေပဲ(၈,၆၃၆)ဧက၊ နှမ်း(၇၈)ဧကနှင့်နေကြာ (၂၅၄)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံဧက(၅၂,၅၁၆)စိုက်ပျိုးခဲ့ပြီး မြို့နယ်အတွင်း၌ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ မတ်ပဲနှင့်အစေ့ထုတ်ပြောင်းတို့ကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

image