လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒု-အကြီးအ ကဲနှင့်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ
မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန် လာအိုပြည်သူ့တပ်မတော်၏ စစ်ဦးစီးဌာန၊ ဒု-အကြီးအကဲ Major General Vanthong BOUTTAVONG ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဇွန် ၈ ရက်ညနေပိုင်းတွင် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့ကြသည်။
ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၂ ရက်ထိ ၅ ရက်ကြာနေထိုင်၍ မြန်မာနိုင်ငံရှိ အထင်ကရနေရာများကို လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ဆိုင်ရာချစ်ကြည်ရေးခရီးစဉ်များဆောင်ရွက်ခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်သည်။