ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စီစီတီဗွီကင်မရာပါဝင်တဲ့ ရိုဘော့ခွေးများ လုံခြုံရေး ပေးလာမည်
====================
ယခုနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ရိုဘော့ခွေးများက လုံခြုံရေးတာဝန်များ ယူလာပါမယ်။
လာမဲ့ ကြာသပတေးနေ့တွင် စတင်ကျင်းပလာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရိုဘော့ခွေးများက ဖီဖာဝန်ထမ်းများကို အကာအကွယ်ပေးလာမှာလည်း ဖြစ်ပါတယ်။
ယင်းခွေးများက ဒဲလ်လက်စ်ရှိ ဖီဖာရဲ့ International Broadcaster Center (IBC) တွင် အခြေစိုက်လာပါမယ်။
Sky Sports က ဖော်ပြလာတဲ့ ဗီဒီယိုဖိုင်အရ ရိုဘော့ခွေးများက ခြေလေးချောင်းလုံး အလုပ်လုပ်နိုင်စွမ်းရှိပြီး ကပင်က နိုင်ကြောင်း တွေ့ရပါတယ်။
ယင်းရိုဘော့ခွေးများကို ၂၀၂၆ ကမ္ဘာ့ဖလားစပွန်ဆာ Hyundai က ဖန်တီးထားတာပါ။
ယင်းရိုဘော့ခွေးများရဲ့ မျက်လုံးတွင် စီစီတီဗွီကင်မရာပါဝင်ပါတယ်။