2 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားမတိုင်မီ ဝိန်းရွန်းနီရဲ့စံချိန်ကို ထပ်မံ ရိုက်ချိုးလာတဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်း
====================
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ နယူးဇီလန်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ ခြေစမ်းပွဲတွင် အင်္ဂလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ပြီးနောက် ဝိန်းရွန်းနီရဲ့ စံချိန်ကို ရိုက်ချိုးလာနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ Raymond James Stadium တွင် ကစားတဲ့ပွဲစဉ်ရဲ့ ပထမပိုင်းအချိန်ပိုတွင် ဒီဂျက်စပင့်ရဲ့ ဖြတ်တင်ဘောကနေ တဆင့် ခေါင်းတိုက်ကာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တာပါ။

ဒီဂိုးက ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးရဲ့ ၂၀၂၅-၂၆ ရာသီအတွင်း ၆၇ ဂိုးဖြစ်သလို နောက်ထပ် စံချိန်သစ်တစ်ခုလည်း ရေးထိုးလာပါတယ်။

ဒီဂိုးက ဟယ်ရီကိန်းရဲ့ အင်္ဂလန်အသင်းအတွက် ကွဲပြားတဲ့ နိုင်ငံ ၂၁ ခုအား သွ့င်းယူလာနိုင်တဲ့ဂိုးလည်း ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ယခင်တုန်းက အင်္ဂလန်အတွက် ကွဲပြားတဲ့ နိုင်ငံအများဆုံးအား ဂိုးသွင်းထားသူအဖြစ် နိုင်ငံ ၂၀ ဖြင့် မှတ်တိုက်စိုက်ထူထားတဲ့ ဝိန်းရွန်းနီရဲ့စံချိန်ကို ရိုက်ချိုးလာနိုင်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နယူးဇီလန်က ဟယ်ရီကိန်းရဲ့ အင်္ဂလန်ကစားသမားဘဝအတွင်း ရင်ဆိုင်ကစားရတဲ့ ၃၅ နိုင်ငံမြောက် နိုင်ငံလည်း ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ှရိ ဟယ်ရီကိန်းဟာ အင်္ဂလန်အတွက် သွင်းဂိုး ၇၈ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေသူ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဂိုးများသွင်းယူကာ စံချိန်ဆက်လက် ရေးထိုးလာဖို့ ရှိပါတယ်။

image