2 ပတ် - ဘာသာပြန်ပါ။

၁၆ လကြာ ကိုင်တွယ်ပြီးနောက် ဖီယင်နုနည်းပြရာထူးမှ ဗန်ပါစီ ထုတ်ပယ်ခြင်းခံလာရ
===================
ဖီယင်နုဟာ အသင်းကို ၁၆ လကြာ ကိုင်တွယ်လာခဲ့တဲ့ နည်းပြရော်ဘင်ဗန်ပါစီအား ရာထူးမှ ထုတ်ပယ်လာပြီ ဖြစ်ပါတယ်။

အာဆင်နယ်နှင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖီယင်နုကို ဒတ်ချ်အဆင့်မြင့်တန်းလိဂ်တွင် အဆင့် ၂ နေရာတွင် ရပ်တည်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကူညီနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗန်ပါစီဦးဆောင်တဲ့ ဖီယင်နုဟာ ဒတ်ချ်အဆင့်မြင့်တန်းလိဂ်ချန်ပီယံ ပီအက်စ်ဗွီနှင့် ရမှတ် ၁၉ မှတ်အထိ ကွာဟခဲ့ပါတယ်။

အသက် ၄၂ နှစ်ရှိ တိုက်စစ်မှူးဟောင်းဟာ နည်းစနစ်ဒါရိုက်တာအဖြစ် ဒီဗိုင်းရီဂက်စ်နှင့် အထွေထွေမန်နေဂျာအဖြစ် ရောဘတ်အန်ဟွန်းတို့ ခန့်အပ်ခြင်းခံခဲ့ရပြီး နှစ်ပတ်အကြာတွင်ပင် ဖီယင်နုနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။

ဗန်ပါစီဟာ ကစားသမားဘဝတုန်းက ဖီယင်နုတွင် ၂ ကြိမ်တိုင်တိုင် ကစားခဲ့ပြီး ၁၂၂ ပွဲကစားကာ ၄၆ ဂိုးသွင်းခဲ့သလို ယင်းတွင်ပင် ကစားသမားဘဝမှ အနားယူခဲ့တာပါ။

သူဟာ ကစားသမားဘဝမှ အနားယူပြီးနောက် အက်ဗိုကက်ရဲ့လက်အောက်တွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သလို ဖီယင်နုလူငယ်အသင်းများကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။

သူဟာ ၂၀၂၄ ခုနှစ် မေလတုန်းက ဟီရန်ဗင်းကိုလည်း ကိုင်တွယ်ခဲ့ပေမဲ့ ၉ လအကြာတွင် ဖီယင်နုသို့ ပြန်ရောက်လာခဲ့ပါတယ်။

သူဟာ အာဆင်နယ်တွင် ၈ နှစ်ကြာ ကစားခဲ့ပြီး အက်ဖ်အေဖလား ဆွတ်ခူးပြီးနောက် ၂၀၁၂ ခုနှစ်တွင် ယူနိုက်တက်သို့ ပြောင်းခဲ့ရာ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။

image