ကမ္ဘာ့ဖလားအတွက် အီရန်အသင်းသားများ အမေရိကန်ပြည်ဝင်ခွင့် ဗီဇာ ရရှိလာပေမဲ့ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ဗီဇာငြင်းဆိုခံနေရ
===================
အီရန်လက်ရွေးစင်အသင်းမှာ လာမဲ့အပတ်ကမ္ဘာ့ဖလားပြိုင်ပွဲများ ကစားရန် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ရရှိလာပြီ ဖြစ်ကြောင်း အမေရိကန်က အတည်ပြုလာပါတယ်။
အီရန်အသင်းဟာ လာမဲ့ ဇွန်လ ၁၅ ရက်နေ့တွင် အယ်လ်အေတွင် နယူးဇီလန်နှင့် ကစားရမဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမတိုင်မီ ၉ ရက်အလိုတွင် ပြည်ဝင်ခွင့်ဗီဇာ ရရှိလာတာလည်း ဖြစ်ပါတယ်။

အမေရိကန်က အီရန်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကစားရန် ပြည်ဝင်ခွင့်ဗီဇာပေးလာပေမဲ့လည်း ယခုစနစ်ကို အလွဲသုံးစားပြုလုပ်ပြီး လှည့်စားမှုပြုလုပ်ကာ အကြမ်းဖက်သမားများကို အမေရိကန်ပြည်ဝင်ခွင့်မပေးကြောင်း ဆိုထားပါတယ်။
လက်ရှိအချိန်မှာ အီရန်အသင်းဘက်တော့ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ရရှိလာမှုနှင့်ပတ်သက်ပြီး တစုံတရာ ပြောကြာထားခြင်း မရှိပါဘူး။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် စတင်လာမှာ ဖြစ်ပြီး အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာပါမယ်။

အမေရိကန်ဟာ စစ်ဖြစ်နေတဲ့ နိုင်ငံတစ်ခုအား ပြည်ဝင်ခွင့်ပေးလာတဲ့ ပထမဆုံးအိမ်ရှင် ဖြစ်လာပါတယ်။

အီရန်အသင်းဟာ အစောပိုင်းတုန်းက အမေရိကန်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အခြေစိုက်ရန် စီစဉ်ထားခဲ့ပေမဲ့လည်း အမေရိကန်နှင့် စစ်ဖြစ်နေမှုနှင့်အတူ မက္ကဆီကိုသို့ ပြောင်းရွှေ့အခြေစိုက်ထားပါတယ်။

တဖက်တွင် အီရန်က လက်ရွေးစင်အသင်းကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များမှာ အမေရိကန်ပြည်ဝင်ခွင့် ဗီဇာ ရရှိလာပေမဲ့လည်း အီရန်အသင်းမှ နည်းစနစ်ပိုင်းနှင့် စီမံခန့်ခွဲရေးဝန်ထမ်းအချို့တို့ကိုမူ အမေရိကန်ဘက်က ဗီဇာပေးရန် ငြင်းဆိုထားကြောင်း ကြေညာလာပါတယ်။

အီရန်သံရုံးဝန်ထမ်းများက အီရန်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ဗီဇာ မရရှိမှုနှင့်ပတ်သက်ပြီး ကြားဝင် ဖြေရှင်းပေးရန် ဖီဖာကို တောင်းဆိုထားပါတယ်။

အီရန်မီဒီယာများရဲ့ဖော်ပြမှုအရ အမေရိကန်ဗီဇာငြင်းဆိုခံရသူများထဲတွင် အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့တွင်လည်း တာဝန်ထမ်းဆောင်နေတဲ့ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့် ဒုဥက္ကဌတို့ ပါဝင်နေကြောင်း သိရပါတယ်။

image