ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက် သတင်းထွက်ပေါ်နေမှုအပေါ် ဂျာဂင်ကလော့ပ်ရဲ့အေးဂျင့် ရှေ့ထွက်ရှင်းလာ
====================
ဂျာဂင်ကလော့ပ်ရဲ့အေးဂျင့်က ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအား ရယူမယ်လို့ သတင်းများ ထွက်ပေါ်နေမှုအပေါ် ငြင်းဆိုလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌရာထူးအတွက် ဖလော်ရင်တီနိုပီရက်ဇ်ကို ယှဉ်ပြိုင်လာမဲ့ အန်းနရစ်ရီကွယ်မီးက တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက လီဗာပူးနည်းပြဟောင်းအား ခန့်အပ်မယ်လို့ ပြောဆိုရာမှ အထက်ပါအတိုင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာတာပါ။

ရီးရဲလ်မက်ဒရစ်ဟာ မနက်ဖြန် တနင်္ဂနွေနေ့တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥက္ကဌရွေးကောက်ပွဲ ပြုလုပ်လာမှာ ဖြစ်ပါတယ်။

ပီရက်ဇ်အား စိန်ခေါ်သူ ရီကွယ်မီးက ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရပါက အားကစားဒါရိုက်တာအဖြစ် ဂန္ထဝင်တိုက်စစ်မှူးရာအူးလ်ဂွန်ဇာလက်ဇ်ကို ခန့်အပ်လာမှာ ဖြစ်ပြီး တနင်္လာနေ့တွင် ဂျာမန်လူမျိုးနည်းပြအား ခန့်အပ်ရေး ဆက်သွယ်မှု ပြုလုပ်လာမယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့ ကလော့ပ်ရဲ့အေးဂျင့်မာ့ခ်ကိုဆစ်ခ်က အထက်ပါသတင်းကို ငြင်းဆိုသွားပြီး ဂျာမန်လူမျိုးနည်းပြမှာ လက်ရှိ အလုပ်ဖြစ်တဲ့ ရက်ဘူးလ်ရဲ့ ဘောလုံးအကြီးအကဲရာထူးအတွက်သာ အပြည့်အဝအာရုံစိုက်နေကြောင်း ဆိုထားပါတယ်။

ကိုဆစ်ခ်က "စိတ်ပျက်စရာပါ။ ဂျာဂင်ကလော့ပ်က ရက်ဘူးလ်က သူ့အလုပ်မှာ ပျော်နေပါတယ်။ ကလပ်တစ်ခုမှာ နည်းပြအဖြစ် အလုပ်လုပ်ဖို့လည်း ဆန္ဒမရှိပါဘူး"လို့ ပြောကြားသွားပါတယ်။

image