ယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး၏
အရဟံ၊ ဗုဒ္ဓေါ ဗုဒ္ဓါနုဿတိ ပွားများတဲ့နည်း🙏🙏🙏
ယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး၏
အရဟံ၊ ဗုဒ္ဓေါ ဗုဒ္ဓါနုဿတိပွားများတဲ့နည်းဖြစ်ပြီး
ဝင်လေ၊ထွက်လေမှတ်ပြီး ပွားများရပါသည်။
အာနာပါနနှင့်ဗုဒ္ဓါနုသဿတိပေါင်းစပ်ထားသောနည်းဖြစ်သည်။
ဝင်လေအရဟံ၊ထွက်လေဗုဒ္ဓေါ၊ ကို
နေ့စစဉ် အချိန်မှန် နေရာမှန်( ၁၈ ) လ တိတိ ၊
အားထုတ်ပါကထူးခြား သည့် တန်ခိုး သိဒ္ဓိတွေရလာမည်ဟုယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီးကတပည့်ဖြစ်သူ ဆရာကြွားကိုပေးခဲ့သောနည်းဖြစ်သည်။
ဝင်လေရူသွင်းချိန်၊ စိတ်ထဲကအရဟံဟုဆိုပြီး
ထွက်လေရူထုတ်ချိန်၊ ဗုဒ္ဓေါဟုစိတ်ထဲကဆိုပြီး
တရားထိုင်သကဲ့သို့ ဝင်လေအရဟံ၊ထွက်လေဗုဒ္ဓေါ ပွားကာ နေ့စဉ် ဆယ့်ငါးမိနစ်၊နာရီဝက်ကစပြီတဖြည်းဖြည်းတိုးပြီးအားထုတ်နိုင်ပါသည်။
အလုပ်လုပ်ရင်းသွားရင်လာရင်းအချိန်ရတိုင်းပွားများအားထုတ်နိုင်လို့သတိ တိုင်းအသက်ရူရင်း အတုမရှိတဲ့ကုသိုလ်ဖြစ်စေသည့် ၊ စိတ်ကြည်လင် အေးချမ်း အကျိုးများသည့် နည်းဖြစ်ပါသည်။
ကေလာသတောင် ဆရာတော်၊ ဇင်းကျိုက်ရသေ့၊ ဘိုးသံ သိဗ္ဗ၊သစ်တံခါးဆရာတော် စသည်ပုဂ္ဂိုလ်များကျင့်ကြံသော ဗုဒ္ဓနုဿတိ အာနာပါန ကမ္မဌာန်း ဝင်လေအရဟံ ထွက်လေ ဗုဒ္ဓေါ စိတ်ထဲကမှတ်။သမထကျင့်စဥ် အောင်မြင်လာမည်။
`` အာနာပါန ဗုဒ္ဓါနုသတိ ဘာဝနာကမ္မဌာန်း"
***********************************
(၁) သတ္တဝါတိုင်းအသက်ရှင်ဘို့အသက်ရှူရပါတယ်။
ရှူသွင်းတာကိုဝင်လေ၊ရှူထုတ်တာကိုထွက်လေ။
ရှူသွင်းတဲ့အခါ၊ စိတ်ထဲကနေအရဟံ၊
ပြန်ရှူထုတ်တဲ့အခါ၊ ဗုဒ္ဓေါလို့စိတ်ကမှတ်ရပါမယ်။
ပါးစပ်ကမဆိုရပါဘူး။စိတ်ကပဲဆိုရမှာပါ။
(မျက်စေ့လေးမှိတ်ပီးစမ်းကြည့်လိုက်ပါ..
ဝင်လေ-အရဟံ/ထွက်လေ-ဗုဒ္ဓေါ။
အရဟံ..ဗုဒ္ဓေါ/အရဟံ-ဗုဒ္ဓေါ)
အသက်လည်းရှူရင်း၊မြတ်စွာဘုရားရဲ့ဂုဏ်တော်၂ပါးကိုပူဇော်ပြီးသားတစ်ချက်ခုတ်၂ချက်ပြတ်ပါသည်။
ရတတ်သရွေ့အချိန်လေးတွေကြိုးစားမှတ်ရင်း
လုပ်ကြည့်ကြပါ။
အစားစာတာနဲ့စကားပြောတုံးအဆင်မပြေရင်ကျန်အချိန်အားလုံးပေါ့ပေါ့ပါးပါးမှတ်ရင်းရှူရင်းကုသိုလ်ရနိုင်ကြမယ်။
ဘုရားစင်ရှေ့ထိုင်မှတ်မှမဟုတ်၊
အိပ်ယာဝင်ကာနီးလည်းမှတ်နိုင်ရှူနိုင်ကြတယ်။
(၂) စိတ်၏တည်ကြည်မှုသမာဓိအားကောင်းလာပါမည်။
အရဟံ-ဗုဒ္ဓေါသည်နေ့နံသင့်ဂဏန်းမျာအရ၉နဝင်းဆောင်ပါသည်။
အ+ ရ+ ဟံ+ဗု+ဒ္ဓေါ=၁+၈+၆+၅+၇= ၂၇လုံးနက္ခတ်
၂+၇= ၉နဝင်း။
၉× ၃= ၂၇ဖြစ်တဲ့အတွက်
စေပိုင်၊စမပိုင်၊ဓါတ်ပိုင်၊နက္ခတ်ပိုင်ဖြစ်လာပါမည်။
(၃) အမြဲနှလုံးသွင်းပူဇော်နေကြသူတွေအတွက်
ဂုဏ်တော်အကြီးအမှူး( အရဟံ) နှင့် သစ္စာလေးပါးတရားသိမြင်သော(ဗုဒ္ဓေါ) ဂုဏ်တော်စွမ်းအားကြောင့်
ချမ်းသာကြီးခြင်း၊
ဘုန်းကံကြီးခြင်း၊
အရိယာစခန်းလျှောက်လှမ်းအားထုတ်နိုင်ကြပါမည်။
မည်သည့်အရိယာပုဒ်ဖြင့်မဆိုအသက်ရှင်သူတိုင်းအသက်ရှူရင်းကုသိုလ်များရရှိကြ၍ လိုရာခရီး ပေါက်မြောက်ကြပါမည်။
မျှတတဲ့ ဣရိယာပုထ်နဲ့ဘုရားစင်အောက် မှာငြိမ်သက်စွာထိုင်ပါ။ ပရိကံပြုပြီးနောက်မြတ်စွာ ဘုရားအားအာရုံသက်ဝင်လျက် ကမ္မဋ္ဌာန်းကျင့်စဉ်မြတ်ကိုအာရုံပြုထားပါ။ ထို့နောက်ဝင်လေမှာအရဟံကို စိတ်မှာရှူသွင်းပါ။
ဗုဒ္ဓေါ ကိုတစ်ဖန်ထွက်သက်မှာတင်းပြီးထုတ်ပါ။
ဝင်လေအရဟံ၊ ထွက်လေဗုဒ္ဓေါ ဖြစ်တယ်....
ဒီကျင့်စဉ်ကိုနေ့စဉ်နေ့တိုင်းကျင့်ပေးပါ ။
သွားရင်း၊ လာရင်း၊ ထိုင်ရင်း၊ လျောင်းရင်း၊
အချိန်အားရတိုင်း၊ နှာသီးဝမှာအာရုံထားပြီး
အတွင်း ဖိုထိုးနည်းလို့ခေါ်တဲ့အရဟံ အာနာပါနဓာတ်ကမ္မဋ္ဌာန်းကိုကျင့်ပါ"
" ဝင်လေ - အရဟံ + ထွက်လေ - ဗုဒ္ဓေါ။

image