4 ရက် - ဘာသာပြန်ပါ။

ကွင်းအခြေအနေ ဆိုးရွားနေမှုက ကစားသမားရွေးချယ်မှုအပေါ် ရိုက်ခတ်လာမည်မဟုတ်ဟု အင်္ဂလန်နည်းပြတူချယ်‌ပြောကြားလာ
===================
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ယနေ့ညတွင် နယူးဇီလန်နှင့် ခြေစမ်းပွဲကစားလာမဲ့ ကွင်းအခြေအနေမှာ ဆိုးရွားနေပေမဲ့လည်း ကစားသမားရွေးချယ်မှုအပေါ် ရိုက်ခတ်လာမည်မဟုတ်ကြောင်း ပြောကြားလာပါတယ်။

Daily Mail သတင်းစာရဲ့ဖော်ပြလာမှုအရ အင်္ဂလန်နှင့် နယူးဇီလန်တို့ ခြေစမ်းပွဲ ကစားလာမဲ့ နေရှင်နယ်ဖွတ်ဘောလိဂ်ကလပ် Tampa Bay Buccaneers ရဲ့ အိမ်ကွင်း Raymond James Stadium မှာ လွန်ခဲ့တဲ့တစ်ပတ်ကျော်ခန့်ကတည်းက အလွန်ဆိုးရွားနေပြီး ကစားရ ခက်ခဲနေကြောင်း ဖော်ပြသွားပါတယ်။

ကမ္ဘာ့ဖလားပွဲ လက်ခံကစားလာမဲ့ ကွင်းအများစုမှ ကွင်းများတွင် မြက်ခင်းတု အသုံးပြုထားပေမဲ့လည်း မြက်များလည်း အသုံးပြုထားတာပါ။

အက်ဖ်အေရဲ့ ကစားကွင်းဝန်ထမ်းက ကွင်းမြက်ခင်းအား စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး အစိတ်အပိုင်းအချို့ ပျက်စီးနေကြောင်း သတင်းပို့ထားပါတယ်။

ဒါပေမဲ့ တူချယ်က "ဂျာနယ်လစ်တစ်ယောက်ဆီက ဓာတ်ပုံ ကြည့်ပြီးပြီ။ နည်းနည်းတော့ စိုးရိမ်စိတ် ဖြစ်စေတယ်။ ဒါပေမဲ့ ကွင်းထဲ ရောက်တော့မှ ဆုံးဖြတ်ကြတာပေါ့။ ပြဿနာရှိလာရင်လည်း တုံ့ပြန်လာပါမယ်။ တောင့်တင်းတဲ့အသင်းနှစ်သင်းနဲ့ ၄၅ မိနစ်စီ ကစားမယ်။ ကစားသမားတိုင်း တူညီတဲ့အချိန်ကစားမယ်။ တူညီတဲ့ လေ့ကျင့်ခန်းအစီအစဉ် နောက်ထပ် သုံးရက်ဆက်လုပ်မယ်။ အခု စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်"လို့ ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာ ဖလိုရီဒါရှိ West Palm Beach တွင် ကမ္ယာ့ဖလားအကြိုစခန်းသွင်းလေ့ကျင့်နေတာပါ။

image