4 ရက် - ဘာသာပြန်ပါ။

လီဗာပူးရဲ့ ထုတ်ပယ်ခြင်းခံရပြီး တစ်ပတ်အကြာတွင် ပရီးမီးယားလိဂ်ကလပ်ရဲ့ ကမ်းလှမ်းမှုခံလာရတဲ့ အန်းဆလော့
====================
ဖူလ်ဟမ်ဟာ မာကိုဆေးလ်ဗားရဲ့နေရာကို ဆက်ခံရန် အန်းဆလော့အား ခန့်အပ်ရေး ကမ်းလှမ်းမှု ပြုလုပ်လာပါတယ်။

အသက် ၄၇ နှစ်ရှိ ဆလော့ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးအောင် ဦးဆောင်ပြီး တစ်နှစ်အကြာတွင် လီဗာပူးရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

ဖူလ်ဟမ်ဟာ အသင်းကို ၅ နှစ်ကြာ ကိုင်တွယ်ပြီးနောက် ထွက်ခွာလာတဲ့ မာကိုဆေးလ်ဗားနေရာတွင် အစားထိုးနိုင်မဲ့နည်းပြရှာဖွေနေပါတယ်။

အသက် ၄၈ နှစ်ရှိ ဆေးလ်ဗားဟာ ပေါ်တူဂီထိပ်သီးဘင်ဖီကာအား ၃ နှစ်စာချုပ်ဖြင့် ကိုင်တွယ်ရန် သဘောတူညီမှု ရရှိထားပြီးလည်း ဖြစ်ပါတယ်။

ဘင်ဖီကာနည်းပြမော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်ဥက္ကဌအဖြစ် ဖလော်ရင်တီနိုပီရက်ဇ် ရွေးချယ်ခြင်းခံလာရပါက ရီးရဲလ်မက်ဒရစ်အား ၃ နှစ်စာချုပ်ဖြင့် ကိုင်တွယ်လာပါမယ်။

ဖူလ်ဟမ်ဟာ အန်းဆလော့အပြင် အစ္စဝှစ်ချ်နည်းပြကီရန်မက်ကန်နာ၊ ဘရန့်ဖို့ဒ်နည်းပြဟောင်းသောမတ်စ်ဖရန့်တို့ကိုလည်း ပစ်မှတ်ထားနေပါသေးတယ်။

အသက် ၄၀ နှစ်ှရှိ မက်ကန်နာကို အခြားပရီးမီးယားလိဂ်ကလပ်များကလည်း ခန့်အပ်ရေး စိတ်ဝင်စားနေပေမဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈ သန်းပေးရမဲ့အချက်ကြောင့် လက်ရှောင်နေကြပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကလည်း အိုလီဗာဂလပ်စ်နာနေရာတွင် အစားထိုးခန့်အပ်ရေး နည်းပြရှာဖွေနေတာ ဖြစ်ပြီး လန့်စ်နည်းပြပီယာရီဆေ့ချ်ကို ခန့်အပ်ရေး နီးစပ်နေပြီ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ လီဗာပူးနည်းပြရာထူးကို ရယူသွားတဲ့ အန်ဒိုနီအိုင်ရာအိုလာကို ခန့်အပ်ရေး ဆွေးနွေးခဲ့ပါသေးတယ်။

တဖက်တွင် အန်းဆလော့ဟာ လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် နယ်သာလန်နည်းပြရာထူးမှ ထွက်ခွာမဲ့ ရော်နယ်ကိုးမန်းနေရာကို ဆက်ခံမယ်လို့လည်း သတင်းထွက်ထားပါတယ်။

image