မြန်မာဖိုက်တာ စောမင်းမင်း ဒီည ထိုင်းဖိုက်တာနဲ့ ခေါင်ပွဲထိုးသတ်မယ်

မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းဟာ ဒီည ကျင်းပမယ့် ONE Friday Fights 157 ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ယော့လိဒ်ပတ်နဲ့ အဓိကခေါင်ပွဲအဖြစ် ယှဥ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။
စောမင်းမင်းနဲ့ ထိုင်းဖိုက်တာ ယော့လိဒ်ပတ်တို့ဟာ မွေထိုင်းဖလိုင်းဝိတ်တန်းမှာ (၃)မိနစ်၊ (၃) ချီ ယှဥ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။
အသက် (၃၁) နှစ်ရှိ ထိုင်းဖိုက်တာ ယော့လိဒ်ပတ်ဟာ ONE မှာ (၁၆) ပွဲထိုးသတ်ထားပြီး (၁၀) ပွဲနိုင်၊ (၆) ပွဲရှုံးနိမ့်ထားပါတယ်။
အနိုင်ရထားတဲ့ (၁၀) ပွဲမှာ အလဲထိုးနိုင်ပွဲ (၆) ပွဲအထိ ပါဝင်နေပါတယ်။
ယော့လိဒ်ပတ်ဟာ နောက်ဆုံးထိုးသတ်ထားတဲ့နှစ်ပွဲမှာ နှစ်ပွဲစလုံးအနိုင်ရထားပြီး မတ်လအတွင်းထိုးသတ်ခဲ့တဲ့ နောက်ဆုံးပွဲမှာ ပြိုင်ဘက်ဖိုက်တာကို အလဲထိုးထားပါတယ်။
အသက် (၂၈) နှစ်ရှိ မြန်မာဖိုက်တာ စောမင်းမင်းဟာ ONE မှာ (၅) ပွဲထိုးသတ်ထားပြီး (၃) ပွဲနိုင်၊ (၂) ပွဲရှုံးနိမ့်ထားပါတယ်။
စောမင်းမင်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းက နောက်ဆုံးပွဲအဖြစ် ထိုင်းဖိုက်တာနဲ့ ထိုးသတ်ခဲ့ပြီး ပထမအချီမှာတင် အလဲထိုးခံရကာ ရှုံးနိမ့်ထားပါတယ်။

image