3 ရက် - ဘာသာပြန်ပါ။

လေ့ကျင့်ချိန်ကွာဟမှုကြောင့် ရှုံးနိမ့်ခဲ့ရကြောင်း ဖြူဖြူဝင်း ဆို

မြန်မာအမျိုးသမီးကွင်းလယ်လူ ဖြူဖြူဝင်းက ဥဇဘက်ကစ္စတန်အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းမှာ လေ့ကျင့်ချိန်ကွာဟခဲ့မှုကြောင့်ဟု ထင်မြင်မိကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ဖြူဖြူဝင်းက "ပထမပိုင်းမှာ အသင်းက ကစားကွက်တည်မရခဲ့ဘူး။ ပေးလိုက်ရတဲ့ဂိုးကလည်း မပေးသင့်တဲ့အနေအထားကနေ ပေးလိုက်ရတယ်။ ဒုတိယပိုင်းမှာ ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘူး။ တစ်ဖက်အသင်းက အရမ်းကောင်းပါတယ်။ သူတို့အသင်းက ပွဲတွေ တောက်လျှောက်ကစားထားတယ်။ လေ့ကျင့်မှုလည်း မပြတ်ထားဘူး။ ကျွန်တော်တို့အသင်းက ဆီးဂိမ်းစ်ပြီးကတည်းက နားထားတာ။ လေ့ကျင့်ချိန်ကလည်း သိပ်မရှိဘူး။ လေ့ကျင့်ချိန် ကွာဟခဲ့တာကြောင့်လို့ ထင်ပါတယ်။ နည်းပြအပြောင်းအလဲကြောင့် အသင်းရဲ့ ကစားပုံက ဘာမှ မပြောင်းလဲသွားပါဘူး။ ထိုင်းအသင်းနဲ့ပွဲကိုလည်း ကွင်းထဲလာရောက်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်"ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲအပြီးမှာ စခန်းဝင်လေ့ကျင့်မှုရပ်နားခဲ့ပြီး ဧပြီလကုန်ပိုင်းမှသာ (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ပြန်လည်လေ့ကျင့်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာအမျိုးသမီးအသင်းဟာ ဒီပြိုင်ပွဲအတွက် လေ့ကျင့်ချိန် တစ်လဝန်းကျင်သာ ရရှိထားပြီး ဂျပန်နည်းပြသစ် ကာတိုနဲ့ လက်တွဲချိန်ဟာလည်း ရက်ပိုင်းသာ ရှိပါသေးတယ်။

image