3 ရက် - ဘာသာပြန်ပါ။

လန့်စ်နည်းပြဆေ့ချ်ကို ခန့်အပ်ရေး ပဲလေ့စ် ဆွေးနွေးလာမည်
====================

လန့်စ်နည်းပြပီယာရီဆေ့ချ်ဟာ ယခုအပတ်အစောပိုင်းအတွင်းတွင် ခရစ္စတယ်ပဲလေ့စ်နည်းပြရာထူးအတွက် ဆွေးနွေးလာပါမယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ အသင်းကို အက်ဖ်အေဖလားနှင့် ကွန်ဖရင့်လိဂ်ဖလားတို့ ရယူပေးပြီးနောက် ထွက်ခွာသွားတဲ့ အိုလီဗာဂလပ်စ်နာနေရာတွင် အစားထိုးရန် နည်းပြသစ် ရှာဖွေနေပြီး ဦးစားပေးနည်းပြအန်ဒိုနီအီရာအိုလာမှာ လီဗာပူးနည်းပြရာထူးအတွက် ဆွေးနွေးလာမှုနှင့်အတူ လက်လျှော့လိုက်ရပြီ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ကွန်ဖရင့်လိဂ်ချန်ပီယံဟာ ဒုတိယဦးစားပေးဖြစ်တဲ့ လန့်စ်နည်းပြဆေ့ချ်နှင့် ဆွေးနွေးလာပါမယ်။
တဖက်တွင် ပဲလေ့စ်ဥက္ကဌ‌စတိဗ်ပါရစ်ရှ်ဟာ နည်းပြသစ်ခန့်အပ်ရေးအား အလျှင်စလို ဆုံးဖြတ်လိုခြင်း မရှိဘဲ အသေအချာ စဉ်းစားဆုံးဖြတ်လာပါမယ်။
ဆေ့ချ်ဟာ ဥရောပရဲ့အတောက်ပဆုံးလူငယ်နည်းပြများထဲမှ တစ်ဦး ဖြစ်ပါတယ်။
ဆေ့ချ်ကလည်း ပဲလေ့စ်နည်းပြရာထူးအတွက် တံခါးဖွင့်ထားပြီး ယခုအပတ်အတွင်းတွင် ဆွေးနွေးမှု ပြုလုပ်လာပါမယ်။
အသက် ၄၂ နှစ်ရှိ ဆေ့ချ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက လန့်စ်ကို ကိုင်တွယ်ပြီးနောက် လီဂူး ၁ တွင် ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့တဲ့အပြင် ကလပ်ရဲ့ သက်တမ်း ၁၂၀ အတွင်း ပထမဆုံးဆုဖလားအဖြစ် Coupe de France ရယူပေးထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်ရဲ့ နည်းပြရာထူးအတွက် လျာထားစာရင်းတွင် ကိုဗင်ထရီနည်းပြဖရန့်လမ်းပတ်၊ အစ္စဝှစ်ချ်နည်းပြကီရန်မက်ကန်နာ၊ ဖရန့်ဖတ်နည်းပြဟောင်းဒီနိုတော့ပ်မိုလ်လာ၊ စပါးစ်နည်းပြဟောင်းသောမတ်စ်ဖရန့်၊ ဘန်လေနှင့် ဖောရက်စ်နည်းပြဟောင်းရှောင်ဒိုက်ချီတို့လည်း ပါဝင်နေပါတယ်။

image