ပရီးမီးယားလိဂ်တွင် ၂၄ ရာသီ ကျင်လည်ပြီးနောက် ကစားသမားဘဝမှ အနားယူလာတဲ့ ပရီးမီးယားလိဂ်ရဲ့ပွဲအများဆုံးကစားသူစံချိန်ရှင်
====================
အင်္ဂလန်လက်ရွေးစင်ကစားသမားဂျိမ်းစ်မီလ်နာဟာ ပရီးမီးယားလိဂ်တွင် ၂၄ နှစ်ကြာ ကျင်လည်ပြီးနောက် ကစားသမားဘဝမှ အနားယူလာပါတယ်။
အသက် ၄၀ နှစ်ရှိ စွယ်စုံရ ကစားသမားဟာ ဘရိုက်တန်တွင် သုံးရာသီကြာ ကစားပြီးနောက် ယခုနွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးလာသူလည်း ဖြစ်ပါတယ်။
မီလ်နာဟာ ပရီးမီးယားလိဂ်ကလပ် ၆ ခုတွင် ကစားခဲ့ကာ ဖေဖော်ဝါရီလတုန်းက ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲအများဆုံးကစားထားသူစံချိန်အား ရေးထိုးခဲ့ပါတယ်။
သူဟာ လိဒ်တွင် ကစားသမားဘဝ စတင်ပြီးနောက် မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ လီဗာပူးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၁ ကြိမ်ဆွတ်ခူးခဲ့သလို ၂၀၁၉ ခုနစ် ချန်ပီယံလိဂ်ဖလားလည်း ဆွတ်ခူးခဲ့ပါတယ်။
သူဟာ ၂၀၀၉ ခုနှစ်တုန်းက ဗီလာတွင် ကစားစဉ် အင်္ဂလန်အသင်းအတွက် ပထမဆုံးပွဲ ကစားခွင့်ရပြီးနောက် ၆၁ ပွဲကစားပေးခဲ့ပါတယ်။
သူဟာ ၂၀၀၆ ခုနှစ် နိုဝင်ဘာလတုန်းက အသက် ၁၆ နှစ်အရွယ်တွင် လိဒ်နှင့်အတူ ပွဲကစားခွင့် ရရှိခဲ့ကာ ထိုစဉ်က ပရီးမီးယားလိဂ်သမိုင်းတွင် ဒုတိယအသက်အငယ်ဆုံးပွဲကစားသူစံချိန်အား ရေးထိုးခဲ့ပါတယ်။ နောက်ပိုင်းတွင် မက်စ်ဒေါ်မန်းနှင့် ဂျိမ်းစ်ဗူဂန်တို့က မီလ်နာကို ကျော်တက်သွားခဲ့ကြပါတယ်။