ပရီးမီးယားလိဂ်ရဲ့ ၂၀၂၅-၂၆ ရာသီ အကောင်းဆုံးအပြောင်းအရွှေ့ဆုကို မန်ယူဂိုးသမား လမ်းမန်းစ် ရရှိ
မန်ယူအသင်းရဲ့ ဂိုးသမား လမ်းမန်းစ်ဟာ ပရီးမီးယားလိဂ်ရဲ့ ၂၀၂၅-၂၆ ရာသီ အကောင်းဆုံးအပြောင်းအရွှေ့ဆု Transfer of the Season ကို ရရှိခဲ့ကြောင်း သိရပါတယ်။
အသက် ၂၃ နှစ်သာရှိသေးတဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား လမ်းမန်းစ်ဟာ ၂၀၂၅ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အန့်ဝပ်ကနေ မန်ယူအသင်းကို ပေါင် ၁၈.၁ သန်းနဲ့ ရောက်ရှိခဲ့တာပါ။
လမ်းမန်းစ်ဟာ နည်းပြအပြောင်းအလဲတွေနဲ့ မန်ယူအသင်း မတည်မငြိမ်ဖြစ်ခဲ့တဲ့ရာသီမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၃၂ ပွဲမှာ ၂၈ ပွဲ ရှုံးပွဲမရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဂိုးပေါက်ကာကွယ်မှု ၇၉ ကြိမ်ပြုလုပ်ခဲ့ပြီး Clean Sheet ၈ ပွဲလည်း ရရှိခဲ့တာကြောင့် သူ့ကို ခေါ်ယူခဲ့ခြင်းက မန်ယူအသင်းအတွက် အကျိုးဖြစ်ထွန်းမှု များပြားခဲ့ပါတယ်။
ဒါကြောင့် ပရိသတ်တွေရဲ့ ဆန္ဒမဲအများဆုံးရရှိပြီး အကောင်းဆုံးအပြောင်းအရွှေ့ဆု ရရှိခဲ့ခြင်း ဖြစ်ပါတယ်။