ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဆာလီဘာ လွဲချော်ရဖွယ်ရှိနေ
အာဆင်နယ်အသင်းက ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဆာလီဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရဖွယ် ရှိနေပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကတည်းက ကျောဒဏ်ရာ ခံစားနေရတာဖြစ်တယ်။
ဆာလီဘာ(၂၅ နှစ်)က တနင်္လာနေ့မှာ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၎င်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရရင် သူ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး ရေပန်းအစားဆုံး ပြင်သစ်အသင်းအတွက်လည်း
နစ်နာစေနိုင်ပါတယ်။
ဆာလီဘာဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၆၃ ပွဲ ကစားပေးခဲ့ပါတယ်။
ပြင်သစ်အသင်းမှာ အခြားနောက်ခံလူတွေအဖြစ် ဒစ်ဂ်နေး၊ ဂူစတို၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ သီယိုဟာနန်ဒက်ဇ်၊ ကိုနာတေ၊ ခွန်ဒဲ၊
လာခရော့နဲ့ အူပါမယ်ကာနိုတို့ကိုလည်း ရွေးချယ်ထားပါတယ်။
ပြင်သစ်အသင်းဟာ အုပ်စု I မှာ ဆီနီဂေါ၊ အီရတ်၊ နော်ဝေအသင်းတွေနဲ့ အတူကျရောက်နေပါတယ်။