3 ရက် - ဘာသာပြန်ပါ။

(၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း အပြီးသတ်ကစားသမားစာရင်း ထုတ်ပြန်

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား မစ်ဆူအိုကာတိုဟာ (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား (၂၅) ဦးစာရင်းကို ဒီကနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့
ပါတယ်။
နည်းပြချုပ်ကာတိုရဲ့ အပြီးသတ်ကစားသမား (၂၅) ဦးစာရင်းမှာ ပထမဆုံး လက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မျက်နှာသစ်ကစားသမားတချို့လည်း ပါဝင်လာတာကို မြင်တွေ့ရပါတယ်။
ဒါ့အပြင် ခင်မာလာထွန်း၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ မေထက်လူ၊ စန်းသော်သော်၊ မြတ်နိုးခင်တို့လို ဝါရင့်ကစားသမားတွေလည်း ပြန်လည်ပါဝင်လာတာကို တွေ့ရပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအဖြစ် မနက်ဖြန် (ဇွန် ၃) ညနေ (၅) နာရီမှာ ဥဇဘက်ကစ္စတန်အမျိုးသမီးအသင်းနဲ့ ယှဥ်ပြိုင်ကစားမှာဖြစ်ပါတယ်။

image