3 ရက် - ဘာသာပြန်ပါ။

ဂါနာအသင်းမှာ ပါတေးကို ရွေးချယ်မှုအပေါ် နည်းပြ ကွီရော့ဇ် ကာကွယ်

ဂါနာအသင်းနည်းပြ ကားလို့စ်ကွီရော့ဇ်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ငံလက်ရွေးစင်အသင်းလူစာရင်းမှာ ကွင်းလယ်လူ ပါတေးကို ရွေးချယ်မှုအပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။
လက်ရှိ ဗီလာရီးယဲလ်အသင်းမှာကစားနေတဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်းဟာ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အကြား မုဒိမ်းမှုစွဲချက် ခုနစ်ခု၊ လိင်အကြမ်းဖက်မှု စွဲချက် တစ်ခုနဲ့ တရားစွဲဆိုခံထားရတာပါ။
ပါတေးကတော့ သူ့အပေါ် စွဲချက်အားလုံးကို ငြင်းဆန်ထားခဲ့ပါတယ်။
ပါတေးရဲ့အမှုပေါ် စစ်ဆေးကြားနာမှုကို နိုဝင်ဘာလအတွင်း ပြုလုပ်ဖို့ရှိပေမဲ့ ၂၀၂၇ ခုနှစ်အထိလည်း ရွှေ့ဆိုင်းသွားနိုင်ပါတယ်။
ကွီရော့ဇ်က ပါတေးအပေါ် စွဲချက်တွေကို ဆုံးဖြတ်ရမှာက တရားရုံးကိစ္စပဲလို့ ပြောခဲ့တာဖြစ်တယ်။
ပြီးခဲ့တဲ့ဧပြီလကမှ ဂါနာအသင်းနည်းဲပြဖြစ်လာတဲ့ ကွီရော့ဇ်ဟာ ယနေ့ကစားမယ့်ပွဲ ဝေးလ်စ်နဲ့ပွဲဟာ သူ့ရဲ့ပွဲဦးထွက်လည်းဖြစ်ပါတယ်။

image