ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝစတင်ရာ KRC ဂျန့်အသင်းမှာ ကော်တိုအာ ရင်းနှီးမြှုပ်နှံ

ဘယ်လ်ဂျီယံနဲ့ ရီးယဲလ်မက်ဒရစ်ဂိုးသမား ကော်တိုအာဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝစတင်ရာ KRC ဂျန့်အသင်းမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
ကော်တိုအာဟာ သူ့ရဲ့စီးပွားရေးပါတနာ NXTPLAY နဲ့လက်တွဲပြီး KRC ဂျန့်အသင်းမှာ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်တယ်။
KRC ဂျန့်အသင်းက ရင်းနှီးမြှုပ်နှံမှုပမာဏကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
KRC ဂျန့်အသင်းထုတ်ပြန်ချက်မှာ ဒီရင်းနှီးမြှုပ်နှံမှုဟာ အသေးစားဖြစ်ပေမဲ့ ကာလရှည်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ဒီစာချုပ်အရ KRC ဂျန့်အသင်းဟာ လာမယ့်နှစ်တွေမှာ ယူရို သန်း ၆၀ လောက်အထိ ဝင်ငွေတိုးလာမယ်လို့ ဖော်ပြခဲ့ပါတယ်။
KRC ဂျန့်အကယ်ဒမီထွက် ကော်တိုအာဟာ ၂၀၁၁ မှာ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။
KRC ဂျန့်အသင်းကြီးအတွက် ၄၅ ပွဲကစားကာ ၄၉ ဂိုး ပေးခဲ့ရပြီး ၁၄ ပွဲ Clean Sheet ရရှိခဲ့ပါတယ်။

image