အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လီဗာပူးလ်အသင်း သဘောတူညီမှုရရှိ

လီဗာပူးလ်အသင်းဟာ ဘုန်းမောက်အသင်းရဲ့ နည်းပြဟောင်း အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၅)နေရာသာ ရရှိခဲ့တာကြောင့် နယ်သာလန်နည်းပြ အာနယ်ဆလော့ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ခဲ့တာပါ။
စပိန်နည်းပြ အီရာအိုလာကတော့ ဘုန်းမောက်အသင်းကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် လမ်းခွဲခဲ့တာပါ။
အီရာအိုလာ(၄၃ နှစ်)က အသင်းငယ်လေးတွေကိုသာ ကိုင်တွယ်ခဲ့ဖူးတာကြောင့် လီဗာပူးလ်အသင်းမှာမှ ချန်ပီယံပြိုင်ပွဲကို စတင်ဆင်နွှဲရမှာဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းက အီရာအိုလာကို (၂)နှစ်စာချုပ်နဲ့ ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အခု ရက်သတ္တပတ်အကုန်မှာ တရားဝင်ကြေညာဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမား ဂျရတ်က အီရာအိုလာဟာ လီဗာပူးလ်အသင်းနဲ့ အံဝင်ခွင်ကျဖြစ်မယ့် နည်းပြဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့ပါတယ်။

image