တရုတ်ကုမ္ပဏိက စပိန်မှာ အလိုအလျောက်မောင်းတက္ကစီ ပြေးဆွဲမည်

တရုတ်နိုင်ငံအ‌ခြေစိုက် အလိုအလျောက်မောင်းတဲ့ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ WeRide ကုမ္ပဏီဟာ ဒီနှစ်နှောင်းပိုင်းကျရင် စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ စီးပွားဖြစ်အလို အလျောက်မောင်းတက္ကစီတွေ စမ်းသပ်ပြေးဆွဲမှု လုပ်တော့မယ်လို့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ဒါကို အမေရိကန်အခြေစိုက် အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်း Uber ရယ်၊ စပိန် သယ်ယူပို့ဆောင်ရေး လုပ်ငန်း AVOMO ရယ်နဲ့ ပူးပေါင်းပြီး လုပ်မှာပါ။
အဲဒီကုမ္ပဏီ သုံးခုရဲ့ ပူးတွဲထုတ်ပြန်ချက်အရ ဝန်ဆောင်မှု စတင်ပြီဆိုတာနဲ့ အသုံးပြုသူတွေဟာ Uber app ကနေတစ်ဆင့် အလိုအလျောက်မောင်း တက္ကစီတွေကို တိုက်ရိုက် ဘွတ်ကင်လုပ်ပြီး စီးနိုင်မှာဖြစ်ပါတယ်။ ဒီပရောဂျက်ဟာ အများပြည်သူအတွက် ဖွင့်လှစ်ပေးမယ့် စပိန်နိုင်ငံရဲ့ ပထမဆုံးသော စီးပွားဖြစ် အလိုအလျောက်မောင်း တက္ကစီ စမ်းသပ်ပြေးဆွဲမှု ဖြစ်လာဖို့လည်း မျှော်လင့်ရပါတယ်

image