နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် စာသင်ကျောင်း (၁) ကျောင်းဖွင့်လှစ်သင်ကြား
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ယနေ့ ဇွန် ၁ ရက်တွင်စတင်သော ကျောင်းများဖွင့်လှစ်သည့်နေ့တွင် စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ အခြေခံပညာစာသင်ကျောင်း (၁) ကျောင်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မုံရွာမြို့နယ်တွင်လည်း အ.ထ.ကကျောင်း (၁၃) ကျောင်း၊ အ.ထ.က (ခွဲ) (၉) ကျောင်း၊ အ.လ.ကကျောင်း (၂) ကျောင်း၊ အ.လ.က (ခွဲ) (၁၀) ကျောင်း၊ အ.မ.က (လွန်) ကျောင်း (၁၇) ကျောင်း၊ အ.မ.ကကျောင်း (၅၀) ကျောင်း ကိုယ်ပိုင်ကျောင်း (၁၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၁၁) ကျောင်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးနှောင့်နှေးမှုမရှိစေရေးအတွက် ကျောင်းအပ်နှံရေးရက် သတ္တပတ်ကုန်ဆုံးသွသော်လည်း ကျောင်းအပ်နှံလိုသူများကို ဆက်လက်လက်ခံပေးလျက်ရှိကြောင်း သိရသည်။