စီးပွားရေးနှင့် အပန်းဖြေမြို့တော်ဖြစ်သည့် တရုတ်နိုင်ငံ၊ ဂွမ်ကျိုးမြို့သို့ MAI က ဇွန် ၃၀ ရက်မှစတင်၍ နေ့စဥ် ပျံသန်းပြေးဆွဲမည်
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် အပန်းဖြေမြို့တော်ဖြစ်သည့် ဂွမ်ကျိုးမြို့သို့ လာမည့် ဇွန် ၃၀ ရက်မှစတင်၍ ရန်ကုန်-ဂွမ်ကျိုးခရီးစဥ်အဖြစ် နေ့စဥ်တို-က်ရို-က်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ MAI က ရန်ကုန်-ဂွမ်ကျိုးတို-က်ရို-က်ခရီးစဥ်အား တစ်ပတ်လျင် (၄) ကြိမ် ပျံသန်းပြေးဆွဲလျက်ရှိရာမှ ဂွမ်ကျိုးမြို့သို့ ခရီးသွားလာမည့်သူများပိုမိုအဆင်ပြေစွာသွားလာနိုင်စေရန်အတွက် ထပ်တိုးပျံသန်းပြေးဆွဲရန် စီစဥ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဂွမ်ကျိုးမြို့ရှိ ကမ္ဘာကျော် Chimelong Resort သည် စိတ်လှုပ်ရှားဖွယ်ရာကစားကွင်းများ၊ တောရိုင်းတိရ စ္ဆာန်များကို အနီးကပ်လေ့လာနိုင်မည့်အတွေ့အကြုံများနှင့် ဖျော်ဖြေပွဲများကို တစ်နေရာတည်းတွင်စုံစုံလင်လင် ခံစားနိုင်မည့် အားလပ်ရက်အပန်းဖြေစခန်းတစ်ခုဖြစ်သည်။