ဥရုဂွေးရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် အူဂတ်တီ ပါဝင်လာပေမဲ့ ဆွာရက်ဇ် မပါဝင်
====================
ဥရုဂွေးဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းကြေညာလာရာ ယူနိုက်တက်ကွင်းလယ်ကစားသမားမန်နူရယ်အူဂတ်တီ ပါဝင်လာပေမဲ့ ဝါရင့်တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ် ပါဝင်လာခြင်း မရှိပါဘူး။
အူဂတ်တီဟာ ဝုဗ်နောက်ခံလူဆန်တီယာဂိုဘူနို၊ စပါးစ်အလယ်တန်းကစားသမားရိုဒရီဂိုဘန်တန်ကော်တို့နှင့်အတူ ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားတွေအဖြစ် ရွေးချယ်ခံလာရတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဥရုဂွေးနည်းပြမာဆယ်လိုဘီရဲလ်ဆာဟာ အသက် ၃၉ နှစ်ရှိ လီဗာပူးနှင့် ဘာစီလိုနာတိုက်စစ်မှူးဟောင်းလူးဝစ်ဆွာရက်ဇ်ကိုမူ ချန်လှပ်ထားခဲ့ပါတယ်။
ဆွာရက်ဇ်ဟာ လက်ရွေးစင်အသင်းမှ အနားယူထားတာ ကြာမြင့်ပြီဖြစ်ပေမဲ့လည်း မကြာသေးမီတုန်းက လိုအပ်လာပါက ဥရုဂွေးအတွက် ပြန်ကစားမယ်လို့ လူသိရှင်ကြား ကြေညာထားသူလည်း ဖြစ်ပါတယ်။
ဘီရယ်ဆာရဲ့ ဥရုဂွေးလူစာရင်းတွင် လီဗာပူးတိုက်စစ်မှူးဟောင်းဒါဝင်နူနက်ဇ်လည်း ပါဝင်လာပါတယ်။
နူနက်ဇ်ဟာ ဆော်ဒီကလပ် Al-Hilal အတွက် ဖေဖော်ဝါရီလကတည်းက ကစားခွင့်မရလာခဲ့ပေမဲ့လည်း ရွေးချယ်ခြင်းခံလာရပါတယ်။
ဥရုဂွေးဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် ဆော်ဒီ၊ ကိတ်ဗာဒီ၊ စပိန်တို့နှင့် ၇◌င်ဆိုင်ကစားရပါမယ်။