ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နေမာဝတ်ဆင်လာမဲ့ ကျောနံပါတ်ကို ဘရာဇီး အတည်ပြုလာ
====================
ဘရာဇီးဟာ လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းသားများ ဝတ်ဆင်လာမဲ့ ကျောနံပါတ်ကို အတည်ပြုကာ နေမာနှင့်ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလများကိုလည်း အဆုံးသတ်လာပါတယ်။
နေမာဟာ ဒဏ်ရာကြောင့် နှစ်ပတ်မှ သုံးပတ်အထိ အနားယူနေရတာ ဖြစ်ပြီး ဘရာဇီးအသင်းမှ ဖယ်ရှားခံရနိုင်တယ်လို့လည်း သတင်းထွက်ပေါ်နေခဲ့သူပါ။
ယခုအခါ ဘရာဇီးက အသင်းသားများရဲ့ ကျောနံပါတ်ကို အတည်ပြုလာမှုနှင့်အတူ နေမာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းတွင် ပါဝင်လာရန် သေချာနေပြီ ဖြစ်ပါတယ်။
နေမာဟာ ယခင်တုန်းက သူ ဝတ်ဆင်လာခဲ့တဲ့ ကျောနံပါတ် ၁၀ ကိုပင် ဆက်လက် ဝတ်ဆင်လာမှာလည်း ဖြစ်ပါတယ်။
နေမာဟာ ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရကာ ကြံ့ခိုင်မှုကောင်းမွန်ခြင်း မရှိမှုနှင့်အတူ ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် ပါဝင်ရေး မရေမရာ ဖြစ်နေပါတယ်။
ဒါပေမဲ့ အန်ဆယ်လော့တီဟာ နေမာကို ကျောနံပါတ် ၁၀ ကို ပေးလာပြီး ဗီနီရှပ်စ်ကိုလည်း ယခင်ကတည်းက သူဝတ်ဆင်လာတဲ့ ကျောနံပါတ် ၇ ကို ပေးလာပါတယ်။ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းကက်စ်မီရိုကလည်း ကျောနံပါတ် ၅ ကိုပင် ဆက်လက် ဝတ်ဆင်လာပါမယ်။
အလစ်ဆင်ဘက်ကာက ကျောနံပါတ် ၁ ကို ဝတ်ဆင်လာမှာ ဖြစ်ပြီး ဝီဗာတန်က ကျောနံပါတ် ၁၂ နှင့် အီဒါဆင်က ကျောနံပါတ် ၂၃ ကို ဝတ်ဆင်လာပါမယ်။
ဘရာဇီးအသင်းသားများဟာ ကမ္ဘာ့ဖလားတွင် ဝတ်ဆင်လာမဲ့ ကျောနံပါတ်ဖြင့်ပင် ပနားမား၊ အီဂျစ်တို့နှင့် ခြေစမ်းပွဲများတွင် ဝတ်ဆင်ကစားလာပါမယ်။