7 ရက် - ဘာသာပြန်ပါ။

ကွင်းအတွင်း ပရိသတ်များ မရှိမည်ကို စိုးရိမ်ကာ ကမ္ဘာ့ဖလားလက်မှတ်အခမဲ့ ရရှိလာတဲ့ ဆော်ဒီပရိသတ်များ
=====================

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပွဲများတွင် ပရိသတ်များ မရှိမည်ကို စိုးရိမ်မှုနှင့်အတူ ကမ္ဘာ့ဖလားပွဲလက်မှတ်များကို ပထမဆုံးအကြိမ်အဖြစ် အခမဲ့ဖြန့်ဝေလာပါမယ်။
ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ အမေရိကန်တွင် ရှိနေတဲ့ ဆော်ဒီပရိသတ်များအား ထိုင်ခုံအတွက် ပေါင် ၅၀၀ အသုံးမပြုစေဘဲ အခမဲ့ဖြန့်ဝေလာပါမယ်။
ဖီဖာဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ကွင်းအတွင်း ပရိသတ်များ ပြည့်နေစေရန်အတွက် လက်မှတ်များ အခမဲ့ဖြန့်ဝေခဲ့ရဖူးပါတယ်။
ယခုအခါ အမေရိကန်ရှိ ဆော်ဒီသံရုံးက အမေရိကန်သို့ လာရောက်တဲ့ ဆော်ဒီပရိသတ်များအား ကမ္ဘာ့ဖလားလက်မှတ်အခမဲ့ဖြန့်ဝေသွားမယ်လို့ ကြေညာလာပါတယ်။
ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၆၁ နေရာတွင် ရှိနေတဲ့ ဆော်ဒီဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှပင် လှည့်ပြန်ရနိုင်ခြေ ရှိနေတဲ့အသင်းပါ။
၎င်းတို့ဟာ ကိတ်ဗာဒီ၊ ဥရုဂွေး၊ စပိန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

image