ယူနိုက်တက်အတွက် ၁၇ မိနစ်တည်းသာ ကစားခွင့်ရခဲ့ပေမဲ့ စကော့တလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ရွေးချယ်ခံလာရတဲ့ ဖလက်ချာ
====================

ယူနိုက်တက်ရဲ့ဆယ်ကျော်သက်ကွင်းလယ်ကစားသမားတေလာဖလက်ချာဟာ စကော့တလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ရွေးချယ်ခြင်းခံလာရပါတယ်။
အသက် ၁၉ နှစ်ရှိ စကော့တလန်လက်ရွေးစင်ဟာ ဟမ်ဒန်တွင် စကော့တလန်က ကူရာကာအိုအား ၄-၁ ဖြင့် အနိုင်ရတဲ့ ခြေစမ်းပွဲတွင် စကော့တလန်အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။
ယင်းပွဲစဉ်တွင် နာပိုလီကွင်းလယ်ကစားသမားဘီလီဂီးလ်မောမှာ ဒူးဒဏ်ရာရရှိခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စကောတ့လန်အသင်းမှ နုတ်ထွက်ခဲ့ရပါတယ်။
စကော့တလန်နည်းပြကလပ်ခ်ဟာ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းရဲ့ နေရာတွင် တေလာဖလက်ချာကို အစားထိုး ရွေးချယ်လာတာလည်း ဖြစ်ပါတယ်။
စကော့တလန်အသင်းခေါင်းဆောင်ဟောင်းဒါရင်းဖလက်ချာရဲ့သား တေလာဖလက်ချာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ယူနိုက်တက်အတွက် ၁၇ မိနစ်တည်းသာ ကစားခွင့်ရထားကာ စကော့တလန်အတွက် ၄၅ မိနစ်ကစားခွင့်ရထားပါတယ်။
ဖလက်ချာဟာ အခြားလူငယ်များနှင့်အတူ စကော့တလန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းရန် ဖိတ်ကြားခြင်းခံခဲ့ရခြင်းဖြစ်ပေမဲ့လည်း အလှည့်အပြောင်း ဖြစ်ကာ ကမ္ဘာ့ဖလားလူစာရင်းတွင် ရွေးချယ်ခြင်းခံလာရပါတယ်။

image