လီဗာပူးနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီး နာရီအနည်းငယ်အကြာတွင်ပင် ချန်ပီယံလိဂ် ၇ ကြိမ် ချန်ပီယံအား ကိုင်တွယ်ရန် ရေပန်းစားလာတဲ့ အန်းဆလော့
====================
အန်းဆလော့ဟာ လီဗာပူးနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီး နာရီအနည်းငယ်အကြာမှာပဲ ဥရောပရဲ့အကြီးမားဆုံးကလပ်များထဲမှ ကလပ်တစ်ခုရဲ့ နည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားလာပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာ စနေနေ့တုန်းက လီဗာပူးကို ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင် စွမ်းဆောင်နိုင်ပြီး တစ်ရာသီအကြာမှာပင် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံ အာဆင်နယ်နှင့် ရမှတ် ၂၅ မှတ်အကွာတွင်သာ ရပ်တည်ခဲ့ပြီးနောက် ထုတ်ပယ်ခံခဲ့ရတာပါ။
ဒါပေမဲ့ အန်းဆလော့ဟာ လီဗာပူးနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီး နာရီအနည်းငယ်အကြာတွင်ပင် လစ်လပ်နေတဲ့ ဥရောပထိပ်သီးကလပ်နည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားလာပါတယ်။
Daily Mail ရဲ့ဖော်ပြမှုအရ အန်းဆလော့ဟာ အေစီမီလန်နည်းပြရာထူးအတွက် ရေပန်းစားလာကြောင်း သိရပါတယ်။
ချန်ပီယံလိဂ် ၇ ကြိမ် ချန်ပီယံ အေစီမီလန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိမှုကြောင့် နည်းပြမက်ဆီမီလီယာနိုအယ်လီဂရီအား ထုတ်ပယ်ခဲ့ကာ နည်းပြသစ် ရှာဖွေနေပါတယ်။
အေစီမီလန်ဟာ ဘုန်းမောက်နည်းပြဟောင်းအန်ဒိုနီအီရာအိုလာကိုလည်း ပစ်မှတ်ထားနေပါတယ်။ တဖက်တွင် လီဗာပူးကလည်း အန်းဆလော့နေရာတွင် အီရာအိုလာနှင့် အစားထိုးရန် ကြိုးပမ်းနေပါတယ်။
အေစီမီလန်ရဲ့ နည်းပြလျာထားစာရင်းတွင် ခရစ္စတယ်ပဲလေ့စ်ကို အက်ဖ်အေဖလားနှင့် ကွန်ဖရင့်လိဂ်ဖလားတို့ ရယူပေးခဲ့တဲ့ အိုလီဗာဂလပ်စ်နာလည်း ပါဝင်ပါတယ်။