ချစ်သူမာယာဂျာမာနှင့် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း မန်စီးတီးစတားဒီယာ့စ်အတည်ပြုလာ
===================

ရူဘင်ဒီယာ့စ်က ချစ်သူ မာယာဂျာမာနှင့် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
ဒါပေမဲ့ ပေါ်တူဂီနှင့် မန်စီးတီးဗဟိုနောက်ခံလူက မာယာဂျာမာရဲ့ နောက်ကွယ်တွင် ဖောက်ပြန်မှုကြောင့် လမ်းခွဲလာရခြင်းဖြစ်တယ်လို့ မီဒီယာများက ရေးသားနေမှုများကို ငြင်းဆိုလာပါတယ်။
ဒီယာ့စ်ဟာ ဆိုရှယ်မီဒီယာတွင် ကိုယ်ပိုင်လူနေမှုဘဝအား မကြာခဏ တင်ကာ လူစိတ်အောင် ပြုလုပ်လေ့ရှိသူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ ကောလာလဟသတင်းများစွာ ထွက်ပေါ်လာမှုများနှင့်အတူ အင်စတာဂရမ်တွင် မာယာဂျာမာနှင့် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလာခဲ့တာလည်း ဖြစ်ပါတယ်။
ယခုမေလလယ်ပိုင်းတုန်းက ဒီယာ့စ်နှင့် မာယာဂျာမာတို့ဟာ ဆိုရှယ်မီဒီယာများက တစ်ဦးရဲ့ ဓာတ်ပုံများကို တစ်ဦးက ဖြုတ်ချလာမှုနှင့်အတူ လမ်းခွဲလာကြပြီလို့ သတင်းထွက်ပေါ်လာခဲ့တာပါ။
၎င်းတို့ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက မန်ချက်စတာတွင် ပြုလုပ်တဲ့ MTV EMAs ပွဲတွင် တွေ့ဆုံပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလမှ စတင်ကာ လူသိရှင်ကြား လက်တွဲလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

image