ကမ္ဘာ့တန်ဖိုးအရှိဆုံးကလပ်အဖြစ် ရီးရဲလ်မက်ဒရစ် ရပ်တည်
=====================
ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံးကလပ်အဖြစ် ဘာစီလိုနာနှင့် ယူနိုက်တက်တို့အား ကျော်ဖြတ်ကာ ရပ်တည်လာပါတယ်။
Forbes ရဲ့ ကြေညာလာမှုအရ ရီးရဲလ်မက်ဒရစ်ဟာ တန်ဖိုး ဒေါ်လာ ၉.၅ ဘီလီယံဖြင့် တန်ဖိုးအရှိဆုံးကလပ်အဖြစ် ရပ်တည်လာတာ ဖြစ်ပြီး ဘာစီလိုနာက ဒေါ်လာ ၇.၅ ဘီလီယံဖြင့် ဒုတိယနေရာမှာလည်းကောင်း၊ ယူနိုက်တက်က ဒေါ်လာ ၇.၂ ဘီလီယံဖြင့် တတိယနေရာမှာ ရပ်တည်လာပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ရာသီတွင် စံချိန်တင်ဝင်ငွေ ဒေါ်လာ ၈၆၅ သန်းအထိ ရရှိခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ်တွင် အဆင့် ၁၅ နေရာမှာသာ ရပ်တည်ခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း စပါးစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးက ဒေါ်လာ ၆.၂ ဘီလီယံဖြင့် စတုတ္ထနေရာမှာ ရပ်တည်နေပြီး မန်စီးတီးက ဒေါ်လာ ၅.၅ ဘီလီယံဖြင့် အဆင့် ၅ နေရာမှ အဆင့် ၇ သို့ ဆင်းလာရပါတယ်။
ပီအက်စ်ဂျီက ဒေါ်လာ ၅.၈ ဘီလီယံဖြင့် အဆင့် ၇ နေရာမှ အဆင့် ၅ နေရာသို့ တက်လှမ်းလာပြီး ဘိုင်ယန်မြူးနစ်ကတော့ ဒေါ်လာ ၅.၇ ဘီလီယံဖြင့် သတ္တမနေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။
၎င်းတို့ရဲ့နောက်တွင် အာဆင်နယ် (ဒေါ်လာ ၅.၄ ဘီလီယံ)၊ ချဲလ်ဆီး (ဒေါ်လာ ၄.၂ ဘီလီယံ)၊ စပါးစ် (ဒေါ်လာ ၃ ဘီလီယံ)တို့ အသီးသီး ရပ်တည်နေပါတယ်။
ဒါပေမဲ့ အာဆင်နယ်ဟာ ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးထားသလို ယနေ့ညတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲလည်း ကစားလာရမှာ ဖြစ်လို့ လာမဲ့နှစ်မှာ တန်ဖိုးမြင့်တက်လာဖို့ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့က ထိပ်ဆုံးနှစ်နေရာအား ရယူထားပေမဲ့ အက်သလက်တီကိုက အဆင့် ၁၁ နေရာမှာသာ ရပ်တည်ပြီး တန်ဖိုးအရှိဆုံးကလပ် ၃၀ စာရင်းတွင် တတိယမြောက်လာလီဂါအဖြစ် ပါဝင်လာပါတယ်။
တန်ဖိုးအရှိဆုံးကလပ် ၃၀ စာရင်းမှ ၁၁ နေရာကို ပရီးမီးယားလိဂ်မှ ရယူထားပြီး မေဂျာလိဂ်မှ ၇ သင်း၊ စီးရီးအေမှ ၄ သင်း၊ ဘွန်ဒက်စ်လီဂါမှ ၃ သင်း၊ ပြင်သစ်လီဂူး၁ မှ တစ်သင်းနှင့် ပေါ်တူဂီပရီမီယာလီဂါမှ တစ်သင်းအသီးသီး ပါဝင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှ ပါဝင်တဲ့ အခြားကလပ်များက ဗီလာ၊ နယူးကာဆယ်၊ အဲဗာတန်၊ ဖူလ်ဟမ်၊ ဘရိုက်တန်တို့ ဖြစ်ကြပါတယ်။