ကွင်းသို့ သွားရာလမ်းတွင် မေ့မြောသွားပြီးနောက် အသက် ၄၃ နှစ်အရွယ်တွင်ပင် သေဆုံးသွားခဲ့တဲ့ လီဂူး ၁ ၃ ကြိမ်ချန်ပီယံ
======================
လိုင်ယွန်အလယ်တန်းကစားသမားဟောင်းဘရိုင်ယန်ဘာဂျူနိုဟာ အသက် ၄၃ နှစ်အရွယ်တွင်ပင် ကွယ်လွန်သွားခဲ့ပါတယ်။
လီဂူး ၁ ချန်ပီယံ ၃ ကြိမ်ဖြစ်ဖူးတဲ့ ပြင်သစ်ကစားသမားဟောင်းဟာ ရုတ်တရက် မကျန်းမာဖြစ်ပြီးနောက် သေဆုံးလာတာလည်း ဖြစ်ပါတယ်။
ဘာဂျူနိုဟာ လိုင်ယွန်အကယ်ဒမီထွက်ဖြစ်ပြီး လိုင်ယွန်နှင့်အတူ လီဂူး ၁ ဖလား ၃ ကြိမ်ဆွတ်ခူးခဲ့သလို တူးလော့စ်နှင့် တိုးစ်တို့အတွက်လည်း ပွဲ၁၀၀ ကျော်ကစားပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ လက်ချီ၊ ချာတူရူးစ်၊ ဆိုက်ပရပ်စ်ကလပ် အေစီအိုမိုနီယာတို့တွင်လည်း ကစားခဲ့ကာ အသင်းငယ်လေး သိုနွန်အီဗီယန့်တွင် ကစားသမား/နည်းပြအဖြစ် တာဝန်ယူကာ ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ ပြင်သစ်ယူ-၂၁ အသင်းအတွက် ပွဲ ၂၀ ကစားကာ ၉ ဂိုးသွင်းခဲ့သူလည်း ဖြစ်ပါတယ်။
ဘာဂျူနိုဟာ ၂၀၂၃ ခုနှစ်တုန်းက ရှားပါးတဲ့ ပါးစောင်ကင်ဆာဝေဒနာ ခံစားလာခဲ့ရသူ ဖြစ်ပေမဲ့လည်း သိုနွန်အီဗီယန့်တွင် နည်းပြအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။
သူဟာ ၂၀၄-၂၅ ရာသီတွင် တိုးစ်သို့ ပြောင်းခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက လီဟာဗရီတွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ကာ တန်းမဆင်းရအောင် ကူညီပေးခဲ့ပါတယ်။
သူဟာ ယခုသောကြာနေ့တွင် တူးလေ့စ်ကစားဖော်ဟောင်းများနှင့်အတူ ဂန္ထဝင်ပွဲ ကစားရန် ရှိနေခဲ့ပြီး ကွင်းသို့ သွားရာလမ်း မေ့မြောပြီးနောက် ဆေးရုံသို့ ပို့ခဲ့ရကာ ကွယ်လွန်သွားခဲ့ပါတယ်။