ဘာစီလိုနာရဲ့ အယ်ဗာရက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းမှုအပေါ် လာမိန်းယာမဲလ်အား ဟာသလုပ်ကမ်းလှမ်းမှု ပြုလုပ်ကာ အက်သလက်တီကိုလှောင်ပြောင်လာ
===================
အက်သလက်တီကိုဟာ ဘာစီလိုနာဘက်က အာဂျင်တီးနားစတားဂျူလီယန်အယ်ဗာရက်ဇ်အား ခေါ်ယူရေး ကြိုးပမ်းလာမှုအပေါ် Bad Bunny လက်မှတ်များ၊ ABC subscription ၊ နေကြာစေ့ထုတ်တို့နှင့် လှောင်ပြောင်မှုပြုလုပ်လာပါတယ်။

အက်သလက်တီကိုဟာ အယ်ဗာရက်ဇ်အား ဘာစီလိုနာတို့ ခေါ်ယူရန် ကြိုးပမ်းမှုအား လာမိန်းယာမဲလ်ကို ခေါ်ယူရေး ဟာသနှော ကမ်းလှမ်းမှုပြုလုပ်ကာ တုံ့ပြန်လာပါတယ်။

ဘာစီလိုနာဟာ ယခုနွေရာသီ အဓိကပစ်မှတ်အဖြစ် အက်သလက်တီကိုရဲ့ အသက် ၂၆ နှစ်ှရိ အာဂျင်တီးနားစတားအယ်ဗာရက်ဇ်အား ခေါ်ယူရေး ကြိုးပမ်းလာခဲ့ပါတယ်။

ကြာသပတေးနေ့မှာတော့ ဘာစီလိုနာဘက်က အယ်ဗာရက်ဇ်ကို ယူရိုသန်း ၉၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်ထားပြီး အက်သလက်တီကိုဘက်ကလည်း ငြင်းပယ်လာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ဒါပေမဲ့ အက်သလက်တီကိုဟာ ဆိုရှယ်မီဒီယာတွင် ပို့စ်များတင်ပြီး အသက် ၁၈ နှစ်အရွယ်ရှိ လာမိန်းယာမဲလ်အား ဟာသလုပ်ကမ်းလှမ်းမှုများ ပြုလုပ်ကာ တုံပြန်လာခဲ့ပါတယ်။

အက်သလက်တီကိုက "ဘာစီလိုနာထံသို့ မနက် Bad Bunny ပွဲ လက်မှတ် ၄ စောင်၊ABC တစ်နှစ်စာ subscription ၊ နေကြာစေ့တစ်ထုတ်လည်း ပို့ပြီး ကမ်းလှမ်းထားတယ်။ ကြေညာချက် လုပ်ချင်လွန်းနေတာကြောင့် ခပ်မြန်မြန် တုံ့ပြန်မှုရဖို့ စောင့်နေတယ်"လို့ ရေးသားကာ ပို့စ်တင်သွားပါတယ်။

ဒါတင်မကသေးပါဘူး။ အက်သလက်တီကိုဟာ AI ဖြင့် ဖန်တီးထားတဲ့ ဘာစီလိုနာကစားသမားများက အက်သလက်တီကိုဝတ်စုံဝတ်ဆင်ထားတဲ့ ဓာတ်ပုံများကို တင်ကာ ဟာသလုပ်သွားပါသေးတယ်။

အက်သလက်တီကိုဟာ ဘာစီလိုနာရဲ့ရိုဒရီကို တနင်္ဂနွေနေ့ည ကလပ်ရဲ့ Riyadh Air Metropolitano Stadium တွင် ပြုလုပ်မဲ့ ရှိုးပွဲ လက်မှတ် ၆ စောင်ဖြင့် ကမ်းလှမ်းခဲ့သလို ဘရာဇီးတောင်ပံကစားသမားရာဖင်ညာကိုလည်း တမ်ဖို့ဒ်၊ စမစ်တို့နဲ့ အငှား အလဲအထပ်လုပ်ပြီး ကမ်းလှမ်းလာပါတယ်။

ဒါတင်မကသေးပါဘူး။ အက်သလက်တီကို "ငြင်းပယ်ရန် ခက်ခဲတဲ့ ကမ်းလှမ်းမှု"ဆိုပြီးတော့ ခနဲ့ ရေးသားသွားပါသေးတယ်။

အက်သလက်တီကိုရဲ့ ယင်းပို့စ်များဟာ ချက်ချင်းဆိုသလို ပရိသတ်များအကြား လူကြိုက်များနေပြီး ဝင်ရောက်မှတ်ချက်ရေးသူ အမြောက်အမြား ရှိနေပါတယ်။

ယင်းနောက်မှာတော့ အက်သလက်တီကိုက "မှတ်ထားကြပါ။ ဒီအတုအယောင်ပို့‌ေရေးသား ဖန်တီးဖို့ ငါးမိနစ်ပဲ အချိန်ယူရတယ်။ ကျွန်တော်တို့ဟာ လက်တွေ့ဘဝကို ပြောင်းလဲနိုင်တဲ့ ခေတ်မှာ နေထိုင်ရှင်သန်နေကြရတာပါ။ မြင်သမျှကို မယုံပါနဲ့။ အထူးသဖြင့် ဘာကာနဲ့ပတ်သက်ပြီးတော့ပေါ့"လို့ ရေးသားပို့စ်တင်သွားပါတယ်။

ဒါ့အပြင် အက်သလက်တိကိုက "ပြီးခဲ့တဲ့လတွေမှာ ကျွန်တော်တို့ကစားသမားတွေထဲက တစ်ဦးနဲ့ပတ်သက်ပြီး အပုတ်ချစည်းရုံးတာ ခံလာခဲ့ရတယ်။ နောက်ကွယ်က ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားလာတဲ့သတင်းတွေ၊ အတုအယောင်သတင်းတွေ၊ အဆက်မပြတ်မလေးမစားလုပ်မှုတွေ၊ ဇာတ်လမ်းလေးတွေ တီထွင်ပြီး ဝါဒဖြန့်ချိရေးယန္တရားတွေ၊ တိုက်ရိုက်ယှဉ်ပြိုင်မှုမတိုင်မီ ဖုန်းခေါ်မှုတွေ"လို့ ရေးသားသွားပါတယ်။

တဆက်တည်းတွင် "ဒါပေမဲ့ ကျွန်တော်တို့က ဒိုင်လူကြီး ဒုဥက္ကဌကို လစဉ် လစာထည့်ပေးတာ၊ ကစားသမားမှတ်ပုံတင်ရာမှာ မျက်နှာသာပေးခံရဖို့ နိုင်ငံရေးအရ အခွင့်ကောင်းယူတာတွေကို မလုပ်ဘူး။ RESPECT and VALUES"ဆိုပြီး ရေးသားသွားပါတယ်။

အက်သလက်တီကိုဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းက ဒိုင်လူကြီးအဖွဲ့ချုပ်ရဲ့ဒုဥက္ကဌအား လစာငွေပေးမှုကြောင့် ဘာစီလိုနာတို့ စုံစမ်းစစ်ဆေးခြင်းခံရမှုအပေါ် ခနဲ့ရေးသားသွားတာပါ။

ဘာစီလိုနာနှင့်အက်သလက်တီကိုအကြား ကစားသမားအတွက် ထိပ်တိုက်တွေ့လာတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

၂၀၁၉ ခုနှစ်တုန်းကလည်း ဘာစီလိုနာဟာ အန်တိုနီဂရက်ဇ်မန်းအား ခေါ်ယူရေး ကြိုးပမ်းရာတွင် မလေးမစားလုပ်ခဲ့တယ်ဆိုပြီး အက်သလက်တီကိုရဲ့ စွပ်စွဲခြင်းခံခဲ့ရပါတယ်။

အယ်ဗာရက်ဇ်ဟာ ၂၀၂၄ ခုနှစ်တုန်းက မန်စီးတီးမှ ပေါင် ၈၁.၅ သန်းဖြင့် ပြောင်းလာသူ ဖြစ်ပြီး ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ် ဂိုး ၂၀ သွင်းထားနိုင်ပါတယ်။

image