ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာလွှတ်တော်ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌတွေ့ဆုံ
မြန်မာ-ဆားဘီးယားနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရေးအဖွဲ့ဖွဲ့စည်းရန်ဆွေးနွေး
ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံဦးသန်းထွေးနှင့် ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာလွှတ်တော်ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. Miroslav Petrasinovic တို့ မေ ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုခိုင်မာစေရေး၊ လွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရေးအဖွဲ့ဖွဲ့စည်းရေး၊ လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များကြား တို-က်ရို-က်ထိတွေ့ဆက်ဆံနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံပြည်သူများနှင့် အဖွဲ့အစည်းများကြား ပိုမိုနက်ရှိုင်းသောဆက်ဆံရေးတည်ဆောက်နိုင်ရေး၊ ရွေးကောက်ခံ မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များအပါအဝင် ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။