18 ပတ် - ဘာသာပြန်ပါ။

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ဗဟိုဘက်များအကြား နားလည်မှုစာချွှန်လွှာလက်မှတ်ရေးထိုး

ငွေကြေးမူဝါဒ၊ ဘဏ်လုပ်ငန်းစနစ်များပူးပေါင်းဆောင်ရွက်မည့်အပြင် သတင်းအချက်အလက်များ ဖလှယ်ရန် သဘောတူ
မြန်မာနိုင်ငံတော် ဗဟိုဘဏ် နှင့် ဘယ်လာရုစ် သမ္မတနိုင်ငံ ဗဟိုဘဏ်တို့အကြား နားလည်မှုစာချွှန်လွှာကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါနားလည်မှုစာချွှန်လွှာကြောင့် နှစ်နိုင်ငံအကြား ငွေကြေးမူဝါဒများ၊ မေခရိုစီးပွားရေးဆိုင်ရာ မူဝါဒများ ဘဏ်လုပ်ငန်းစနစ်များနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ သဘောထားအမြင်များ ဖလှယ်မည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် နှင့် သတင်းအချက်အလက်များဖလှယ်ရန်၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မည့် နှစ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဘဏ်များကို ကူညီထောက်ပံပေးရေးအပြင် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံပူးပေါင်းပြီး စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများကိုလည်း ပူးတွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်မှတ်ရေးထိုးခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ ‌‌ဒေါက်တာခင်နိုင်ဦးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV တို့ ရှေ့မှောက်တွင် နှစ်ဖက်တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။

image