18 ပတ် - ဘာသာပြန်ပါ။

အီဘိုလာရောဂါကူးစက်ပျံ့နှံ့နေမှုကြောင့် ကမ္ဘာ့ဖလားလက်မှတ်ဖိုး ပြန်အမ်းရန် ဒီမိုကရက်တစ်ကွန်ဂိုတောင်းဆိုလာ
=====================

ဒီမိုကရက်တစ်ကွန်ဂိုဟာ အီဘိုလာခရီးသွားကန့်သတ်မှုကြောင့် ပရိသတ်များမှာ အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်နိုင်ခြင်း မရှိမှုနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားလက်မှတ်ဖိုးငွေများကို ပြန်အမ်းရန် ဖီဖာထံ တောင်းဆိုလာပါတယ်။
ကွန်ဂိုဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က မေလ ၁၆ ရက်နေ့တုန်းက အီဘိုလာရောဂါနှင့်ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်လာပြီးနောက် ကွန်ဂိုပရိသတ်များမှာ အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းခံထားရပါတယ်။
ဗဟိုနှင့်အရှေ့အာဖရိကတို့တွင် အီဘိုလာရောဂါကူးစက်ခံထားရသူ ၉၀၀ ကျော် တွေ့ရှိထားပြီး ၂၂၃ ဦး သေဆုံးထားပြီး ဖြစ်ပါတယ်။
ယင်းသို့ ကွန်ဂိုနိုင်ငံတွင်း အီဘိုလာကူးစက်နေမှုနှင့်အတူ ကန်ရှာဆာရှိ အမေရိကန်သုံးရုံးက ဗီဇာပေးမှု ရပ်ဆိုင်းထားပါတယ်။
တဖက်တွင် အမေရိကန်က ကွန်ဂို၊ ယုဂန္ဒာ၊ တောင်ဆူဒန်တို့တွင် ၂၁ ရက်အတွင်း နေထိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား မဟုတ်သူများကို ပြည်ဝင်ခွင့်ပိတ်ပင်ထားပါတယ်။
ယင်းကဲ့သို့ အခြေအနေကြောင့် ဒီမိုကရက်တစ်ကွန်ဂိုဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားလက်မှတ်ဖိုးငွေများကို ပြန်အမ်းပေးရန် ဖီဖာထံသို့ တောင်းဆိုမှု ပြုလုပ်ထားပါတယ်။
ကွန်ဂိုဟာ ဇွန်လ ၁၇ ရက်နေ့တွင် ဟူစတန်မှာ ပေါ်တူဂီနှင့် အဖွင့်ပွဲကစားရမှာ ဖြစ်ပြီး ပရိသတ်များ လာရောက်ကြည့်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကွန်ဂိုဟာ အုပ်စုဒုတိယပွဲဖြစ်တဲ့ ကိုလံဘီဘာနှင့်ပွဲအား ဂွါဒီလာဂျာရာမှာ ကစားရမှာ ဖြစ်ပါတယ်။ ယင်းပွဲကို ကွန်ဂိုပရိသတ်များမှာ မက္ကဆီကိုသို့ သွားရောက်ကြည့်လာနိုင်ဖို့ ရှိပါတယ်။
ကွန်ဂိုဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဥဇဘက်ကစ္စတန်နှင့်ပွဲကို အမေရိကန်ရှိ အတ္တလန္တာတွင် ကစားရမှာ ဖြစ်ကာ ယင်းပွဲကိုလည်း ပရိသတ်များ လာကြည့်နိုင်မှာ မဟုတ်ပါဘူး။
တဖက်တွင် ကွန်ဂိုအသင်းသားများမှာ ကွန်ဂိုနိုင်ငံအတွင်း အခြေစိုက်ခြင်း မရှိုမှုနှင့်အတူ အမေရိကန်ပြည်ဝင်ခွင့်ရရှိလာပါမယ်။ ဒါ့အပြင် ကွန်ဂိုနည်းပြအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှာလည်း ကွာရန်တင်း ၂၁ ရက်ပြည့်မီစေရန်အတွက် နိုင်ငံအတွင်းမှ ထွက်ခွာထားပြီးလည်း ဖြစ်ပါတယ်။

image