အင်ဒါဆင်အား ခေါ်ယူရန် ယူနိုက်တက်အား ကျော်ဖြတ်ကာ အခြေအနေကောင်းလာတဲ့ မန်စီးတီး
===================
မန်စီးတီးဟာ ခါးသီးတဲ့ မြို့ခံပြိင်ဘက် ယူနိုက်တက်အား ကျော်ဖြတ်ကာ နော်တင်ဟမ်ဖောရက်စ်အလယ်တန်းကစားသမားအီးလီးယော့အင်ဒါဆင်အား အီတီဟတ်သို့ ခေါ်ဆောင်ရန် အခြေအနေကောင်းလာပါတယ်။
အင်ဒါဆင်ဟာ ယခုနွေရာသီတွင် City Ground မှ ထွက်ခွာမယ်လို့ ယုံကြည်ရသူ ဖြစ်ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ဘက်က အင်ဒါဆင်အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးနိုင်ခြင်း မရှိမှုနှင့်အတူ မန်စီးတီးက ခေါ်ယူရေး အခြေအနေကောင်းလာတာလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ အင်ဒါဆင်ကို ခေါ်ယူရေး နော်တင်ဟမ်ဖောရက်စ်နှင့် ဆွေးနွေးနေပေမဲ့လည်း ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပါဘူး။
အင်ဒါဆင်ရဲ့ ပြောင်းရွှေ့ကြေးမှာ ၂၀၂၃ ခုနှစ်တုန်းက အာဆင်နယ်က ဒီကလန်ရိုက်စ်အတွက် ပေးခဲ့ရတဲ့ ပေါင် ၁၀၅ သန်းစံချိန်ကို ကျော်ဖြတ်လာဖို့ ရှိနေပါတယ်။
တဖက်တွင် အင်ဒါဆင်ဟာ လာမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အတွက် ခြေစွမ်းပြကစားလာနိုင်ပါက ဖောရက်စ်အနေဖြင့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုရေး အခြေအနေကောင်းလာပါဦးမယ်။
အင်္ဂလန်ယူ-၂၁ အသင်းနှင့်အတူ ၂၀၂၅ ခုနှစ် ယူရိုယူ-၂၁ ဖလားရရှိခဲ့တဲ့ အင်ဒါဆင်ဟာ ၂၀၂၄ ခုနှစ်တွင် နယူးကာဆယ်မှ ပေါင် ၃၅ သန်းဖြင့် ပြောင်းလာပြီးနောက် ဖောရက်စ်အတွက် ၉၂ ပွဲကစားထားရာမှာ ၆ ဂိုးသွင်းထားပါတယ်။