ဂိုးသွင်းမှတ်တမ်းကြောင့် ရှနစ်ဇယ် ၆၁ ပွဲ တည်ခင်းကျွေးမွေးခံခဲ့ရတဲ့ ဟယ်ရီကိန်း
====================
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်နှင့်အတူ ကြီးကျယ်ခမ်းနားတဲ့ ဂိုးသွင်းမှတ်တမ်း ရယူနိုင်ခဲ့ပြီးနောက် ရှနစ်ဇယ် ၆၁ ပွဲဖြင့် တည်ခင်းကျွေးမွေးခံခဲ့ရပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ၅၁ ပွဲကစားခဲ့ရာမှာ ၆၁ ဂိုးအထိ သွင်းယူကာ ဘွန်ဒက်စ်လီဂါဖလားနှင့် ဂျာမန်ပိုကယ်ဖလားတို့ ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
အသက် ၃၂ နှစ်ရှိ စပါးစ်တိုက်စစ်မှူးဟောင်းဟာ ဒုတိယမြောက် ဘွန်ဒက်စ်လီဂါဖလား ရရှိလာခြင်းဖြစ်သလို ပထမဆုံးဂျာမန်ပိုကယ်ဖလား ရရှိခဲ့တာပါ။
ဒါပေမဲ့ သူဟာ ဂိုးတစ်ဂိုးစီသွင်းယူမှုတိုင်းအတွက် ဂျာမန်နှင့် ဩစတြီးယားရိုးရာအစားအသောက်ဖြင့် တည်ခင်းကျွေးမွေးခံခဲ့ရပါတယ်။
ဟယ်ရီကိန်းဟာ အိမ်အနီးတွင် ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်သို့ ပုံမှန် သွားရောက်စားသောက်လေ့ရှိသူ ဖြစ်ပါတယ်။
Stefan Kastner ပိုင်ရှင်ဟာ ဟယ်ရီကိန်းအား ဂိုးသွင်းယူနိုင်ရေး စိတ်ဓာတ်မြှင့်တင်ပေးတဲ့အနေဖြင့် ဂိုးတစ်ဂိုးချင်းစီတိုင်းအတွက် ရှနစ်ဇယ် ၁ ပွဲစီ တည်ခင်းကျွေးမွေးခဲ့ပါတယ်။
ဒါကြောင့်လည်း ဟယ်ရီကိန်းဟာ ယခုရာသီတွင် ၆၁ ဂိုးသွင်းနိုင်မှုနှင့်အတူ ရှနစ်ဇယ် ၆၁ ပွဲ ကျွေးမွေးခံခဲ့ရပါတယ်။
ရှနစ်ဇယ်ဟင်းလျာကို အမဲသား၊ ဝက်သား၊ ကြက်သား၊ သိုးသား၊ ကြက်ဆင်သားတို့ဖြင့် ချက်ပြုနိုင်ပြီး အသားကို ပါးပါးလှီးကာ ပေါင်မုန့်မှုန့်ဖြင့် ကပ်ကြော်ရတဲ့ ဟင်းလျာ ဖြစ်ပါတယ်။