2 ရက် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်ချန်ပီယံ အာတီတာကို ကျော်ဖြတ်ကာ လိဂ်မန်နေဂျာအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဖရန့်လမ်းပတ် ဆွတ်ခူးလာ
=====================

ဖရန့်လမ်းပတ်ဟာ ကိုဗင်ထရီကို ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် လိဂ်မန်နေဂျာအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအား ဆွတ်ခူးလာပါတယ်။
လမ်းပတ်ဟာ ကိုဗင်ထရီကို ၁၁ မှတ်အသာစီးဖြင့် ချန်ပီယံရှစ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပြီး ပရီးမီးယားလိဂ်သို့ တက်လှမ်းနိုင်အောင် စွမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကိုဗင်ထရီဟာ ၂၀၀၀-၀၁ နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်သို့ တန်းပြန်တက်နိုင်ခဲ့တာပါ။
လိဂ်မန်နေဂျာအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို လိဂ်များမှနည်းပြများရဲ့ မဲအဆုံးအဖြတ်ဖြင့် ရွေးချယ်တာ ဖြစ်ပြီး ဖရန့်လမ်းပတ်ဟာ အာဆင်နယ်ကို ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အာတီတာကို ကျော်ဖြတ်ပြီး မဲပေး ရွေးချယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဂန္ထဝင်ကစားသမားဟာ ယူနိုက်တက်ဂန္ထဝင်ဆာအဲလက်စ်ဖာဂူဆန်ကို ဂုဏ်ပြုချီးမြှင့်တဲ့ Sir Alex Ferguson Trophy ဆုကို ဆွတ်ခူးခဲ့တာပြီး အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ရဲ့ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
လန်ဒန်တွင် ကျင်းပတဲ့ လိဂ်မန်နေဂျာအဖွဲ့ချုပ်ရဲ့ ဆုပေးပွဲအခမ်းအနားသို့ ဆာအဲလက်စ်ဖာဂူဆန်ကိုယ်တိုင် တက်ရောက်နိုင်ခဲ့ခြင်း မရှိပေမဲ့ သဝဏ်လွှာပေးပို့ခဲ့ကာ တူချယ်က ဖတ်ကြားခဲ့ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဟာ ယခုလအစောပိုင်းတုန်းက လီဗာပူးနှင့်ပွဲမတိုင်မီ မကျန်းမာဖြစ်ခဲ့ပြီးနောက် မတက်ရောက်နိုင်ခဲ့တာပါ။
ဖရန့်လမ်းပတ်ဟာ ဘရန့်ဖို့ဒ်ရဲ့ကိတ်အင်ဒရူး၊ အာဆင်နယ်ရဲ့မီခေးလ်အာတီတာ၊ အက်စတွန်ဗီလာရဲ့အူနိုင်းအမ်မရီ၊ ဘုန်းမောက်ရဲ့အန်ဒိုနီအိုင်ရာအိုလာ၊ မန်စီးတီးရဲ့ပက်ဂွါဒီယိုလာ၊ လင်ကွန်းစီးတီးရဲ့မိုက်ကယ်စကူဘာလာ၊ ဘရွမ်လေရဲ့ အင်ဒီဝုဒ်မန်းတို့အား ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့တာပါ။
တဖက်တွင် အာဆင်နယ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးထားတဲ့ မီခေးလ်အာတီတာက ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအား ဆွတ်ခူးခဲ့ပါတယ်။
မန်စီးတီးရဲ့အင်ဒရီးဂျီလ်ဂလတ်ဇ်မှာ မန်စီးတီးအား အမျိုးသမီးစူပါလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပြီးနောက် အမျိုးသမီးစူပါလိဂ်ရဲ့အကောင်းဆုံးနည်းပြဆုအား ဆွတ်ခူးခဲ့ပါတယ်။
ဒါ့အပြင် စကူဘာလာက လိဂ် ၁ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မန်နေဂျာဘဝ ပွဲတစ်ထောင်ပြည့်သွားခဲ့ကြတဲ့ စတိဗ်ဘရုစ်နှင့် မာတင်အိုနေးလ်တို့ဟာလည်း Hall of Fame ထဲတွင် ထည့်သွင်းခြင်းခံခဲ့ရပါတယ်။
ယခုဆုက ဖရန့်လမ်းပတ်ရဲ့ နည်းပြဘဝအတွင်းတွင် အမြင့်မားဆုံးနည်းပြဆု ဖြစ်ပါတယ်။
သူ့ကိုင်တွယ်ခဲ့တဲ့ ဒါဘီဟာ ၂၀၁၉ ခုနှစ် ပလေးအော့ဖ်ဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့ဖူးပြီး ကစားသမားအဖြစ် ၁၃ နှစ်ကြာ ကျင်လည်ခဲ့တဲ့ ချဲလ်ဆီးကို ပြန်လည်ကိုင်တွယ်ခဲ့ပေမဲ့ ၁၈ လအကြာမှာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ယင်းနောက်ပိုင်းတွင် သူဟာ ချဲလ်ဆီးကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပါသေးတယ်။
သူဟာ အဲဗာတန်ကို ကိုင်တွယ်ခဲ့ပေမဲ့လည်း တန်းမဆင်းရ‌ရေး တိုက်ပွဲဝင်ရပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယခုရာသီမှာတော့ သူဟာ ကိုဗင်ထရီအား ၄၆ ပွဲတွင် ၉၇ ဂိုးဖြင့် တိုက်စစ်အကောင်းဆုံးအသင်းအဖြစ်လည်းကောင်း၊ ခံစစ်အကောင်းဆုံးအသင်းအဖြစ်လည်းကောင်း ချန်ပီယံရှစ်ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

image