ဘရူနိုဖာနန်ဒက်စ်ရဲ့ ဗီဒီယိုကလစ်များကို ပြသကာ မန်စီးတီးကစားသမားများကို ပညာပေးခဲ့တဲ့ ဂွါဒီယိုလာ
==================

ပက်ဂွါဒီယိုလာဟာ မန်စီးတီးကစားသမားများအား ဘရူနိုဖာနန်ဒက်စ်ရဲ့ ကစားဖော်များကို စိတ်ပျက်နေတဲ့ အပြုအမူ လုပ်ရပ်ဗီဒီယိုများအား ပြသကာ မန်စီးတီးတွင် ယင်းသို့ မပြုလုပ်ရန် ပညာပေးခဲ့ကြောင်း သိရပါတယ်။
မန်စီးတီးအသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် ၂၁ ကြိမ်အထိ စံချိန်တင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုများ ဆွတ်ခူးထားပါတယ်။
ဒါပေမဲ့ သူဟာ ကစားဖော်များကို ငြီးတွားအပြစ်တင်နေမှုများအတွက် ဝေဖန်မှုများ ခံလာရသူလည်း ဖြစ်ပါတယ်။
ဂွါ့ဒီယိုလာဟာ စက်တင်ဘာလတုန်းက မန်ချက်စတာဒါဘီပွဲစဉ်အပြီး တွေ့ဆုံပွဲတစ်ခုတွင် ကစားသမားများအား ဘရူနိုဖာနန်ဒက်စ်ရဲ့ အပြုအမူ ဗီဒီယိုကလစ်များအား ပြသကာ မန်စီးတီးတွင် ယင်းသို့ မပြုလုပ်ရန် ဥပမာပေးခဲ့ပါတယ်။
မန်စီးတီးဟာ ယင်းပွဲတွင် ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ဟာ ဖိုဒန်က အဖွင့်ဂိုးသွင်းလာချိန်တွင် ယူနိုက်တက်နောက်ခံလူများအား အပြစ်ဖို့ ခဲ့ပါတယ်။
The Athletic ရဲ့‌ဖော်ပြလာမှုအရ ဂွါဒီယိုလာဟာ ယင်းအဖြစ်အပျက်ဗီဒီယိုဖိုင်အား ကစားသမားများအား ပြသကာ ယင်းကဲ့သို့ အပြုအမူမျိုးကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။

image